ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်း

Saturday, September 19, 2026 - 09:15

 

ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင် တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီ မြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြား နေရာ၌  မြစ်ကမ်းရေတိုက်စားမှု ကြောင့်  ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)တွင် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည် တိုက်စားကာ  ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားသည့် နေရာနှင့် စက်တင်ဘာလ ၁၇ ရက်တွင် အဆိုပါညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌    ရေတိုက်စားမှုကြောင့်  တာမိုင် (၁၂/၂) နှင့် (၁၂/၃) ကြားရှိ  စွန့်ပစ်တာ အလျား  ၁၆၀  ပေခန့်တာပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ 

အဆိုပါ တာကိုယ်ထည်တိုက်စား ခံရမှုဖြစ်ပေါ်လျက်ရှိသည့် နေရာ များ၌  ရေတိုက်စားမှုကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူး လုပ်ငန်းဆောင်ရွက်ခြင်း၊ စွန့်ပစ်တာ အလျား ၁၆၀ ပေခန့် ထပ်မံအိပဲ့ ပြိုကျသည့်နေရာအား မြစ်ကမ်း ထိန်းလုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း၊ Geotextine လုပ်ငန်း ဆောင်ရွက်ခြင်း၊ သံမဏိကြိုးအသုံး ပြုရေစီးထိန်းလုပ်ငန်းဆောင်ရွက် ခြင်း၊ ယာယီပန်းတာ တည်ဆောက် ခြင်းနှင့် ကမ်းရင်းတာခြေတုတ်ရိုက် သဲဖြည့်ခြင်း စသည့်မြစ်ကမ်းထိန်း လုပ်ငန်း ဆောင်ရွက်ခြင်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့များနှင့် ဒေသခံပြည်သူ များပူးပေါင်း၍လူအင်အား၊ စက် ယန္တရားများဖြင့် အင်တိုက်အား တိုက်အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။အလားတူ  ဧရာဝတီတိုင်းဒေသ ကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေ တိုက်စားမှုများကြောင့် ငဝန်မြစ်ရေ ကာတာ၏ အောက်ခံမြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်၍ရပ်ကွက် ကျေးရွာများ အတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု နှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ခုနှင့် ကျေးရွာအချို့တို့တွင် ယနေ့ထိရေဝင်ရောက်မှု များ  ဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။အဆိုပါ  ငဝန်ပန်းတာရေဝင် ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင် ရန်အတွက် နည်းပညာများအသုံးပြု ၍ Geobags သဲအိတ်ကြီးများ ချခြင်း၊ မျောတုတ်တန်းများ အတွင်း သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်း နှင့် Steel Sheet Pile ရိုက်သွင်းခြင်း စသည့် ငဝန်ပန်းတာတမံနိမ့်ကျ နေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်း များကိုလူအင်အား၊ စက်ယန္တရား များ အသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင် ရွက်လျက်ရှိသည်။ထို့အပြင် ရေပြန်လည်ကျဆင်း သွားခဲ့သည့် မြို့၊ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့ သည့် နှုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေး သင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံ ပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက် ပေးခြင်းနှင့်ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင် ရွက်ပေးလျက်ရှိသည်။    ထိုသို့ဆောင်ရွက်ပေးနေမှုများ ကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။(၁၀၀)