မြစ်ကြီးနားမြို့ရှိသံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာလ ၁၇ ရက်

Friday, September 18, 2026 - 08:45

 

မြစ်ကြီးနားမြို့ရှိသံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာလ ၁၇ ရက်

 

         တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ကို ၎င်းတို့၏မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကု သပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက်အတွင်း၌ အခြေပြု၍ အဆိုပါမြို့ပေါ်ရှိ သံဃာတော် ၃၀ ပါးနှင့်သာသနာ့နွယ်ဝင်သီလရှင် ၃ ပါး တို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြော ရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေး ပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သော သံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များ အား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

            ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။