တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုး သမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၇

Friday, September 18, 2026 - 08:30

 

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုး သမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၇

 

 

            တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုး သမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။

ဦးစွာ  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုနှင့် ဒိုင်းဆုရရှိသောတြိဂံဒေသတိုင်းစစ်ဌာနချုပ်၊စခန်းရုံး အသင်းတို့ကို ဒိုင်းဆုနှင့် ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ဖြင့်  စက်တင်ဘာလ ၄ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိ သည်။