နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

Friday, September 18, 2026 - 08:30

 

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

 

နေပြည်တော် စက်တင်ဘာ ၁၇

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်  (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ ဆောင်ရွက်လျက်ရှိရာစက်တင်ဘာလ ၇ ရက်မှ၁၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး  သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်  ကျွန်း(၈ ဒသမ ၇၅၉၁)တန်၊ သစ်မာ (၁၁ ဒသမ ၃၁၃၄)တန်၊ အခြား (၇၂ ဒသမ ၆၂၇၀)တန်၊ စုစုပေါင်း(၉၂ ဒသမ ၆၉၉၅)တန်၊ ယာဉ်/ယန္တရား(၈) စီး၊ တရားခံ(၈)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။      မြဝတီ