ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ဆိုင်ကယ်ဖြင့်လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော် စက်တင်ဘာ ၁၇

Friday, September 18, 2026 - 08:30

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ဆိုင်ကယ်ဖြင့်လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား  ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော် စက်တင်ဘာ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင် ဥက္ကလာပမြို့နယ်၊  အမှတ်(၇)ရပ်ကွက်နေ ဒေါ်အေးအေးသန်း သည် စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ အုပ်စု၊ ပုလဲ(၁)ရပ်ကွက်၊ အမှတ်(၃)လမ်းမပေါ်ရှိ တံတားဖြူမှတ်တိုင် အနီး YBS ယာဉ်အား စီးနင်းရန် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးနင်းလာသည့်  အမျိုးသားနှစ်ဦးက ၎င်း၏စလင်းဘတ်အိတ်အား လုယူ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူများအား  ဖမ်းဆီးရမိနိုင်ရေး ထောက်ကြန့်နယ်မြေရဲစခန်း၌(ပ)၂၂၃/၂၀၂၆၊  ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုရေးဖွင့်၍ စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖော်ထုတ်ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ စက်တင် ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် လုယက်မှုကျူးလွန်ရာ၌ ဆိုင်ကယ် မောင်းနှင်သူဖြစ်သည့်  မင်္ဂလာဒုံ မြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်နေ တရားခံဝင်းထွဋ်(ခ)ဂီးဂီး(၄၂)နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ၂(က)ရပ်ကွက်၊ ခရေပင်လမ်းမကြီးရှိ “ရွှေတက်လူ” လက်ဖက်ရည်ဆိုင်အနီး၌ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် HONDA 125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ အဆိုပါဆိုင်ကယ်တွင် နောက်ထိုင်လိုက်ပါပြီး ဒေါ်အေးအေးသန်းထံမှ စလင်းဘတ်အိတ်အား လုယူခဲ့သူ မင်္ဂလာဒုံမြို့နယ်၊ ၂(က)ရပ်ကွက်နေ တရားခံနိုင်အောင်ရင်(၂၈)နှစ်အား ၎င်း၏နေအိမ်မှလုယက်မှုကျူးလွန် ရာမှရရှိသည့် Samsung အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်းတစ်လုံး၊ Itel K 70 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း ၁ လုံး၊ “ဒေါ်အေးအေးသန်း”အမည်ပါ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ လူမှုဖူလုံရေးကတ် ၁ ခု၊ အစိုးရအဖွဲ့ရုံး   ဝင်/ထွက်ခွင့်ကတ် ၁ ခု၊  KBZ Bank ကတ် ၁ ခု၊ “ရဲရင့်ဘုန်း” အမည်ပါ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ကျောင်းကြို/ပို့ကတ် ၁ ခုနှင့် အသားရောင် စလင်းဘတ်အိတ် ၁ လုံးဖြင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။(၁၀၀)