တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၇
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှုအားပေးကြသည်။ ထို့နောက်ဆုချီးမြှင့်ပွဲကို ဆက် လက်ပြုလုပ်ရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုနှင့်ဒိုင်းဆုရရှိသော တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ စခန်းရုံးအသင်းတို့ကို ဒိုင်းဆုနှင့် ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ပြေး၊ခုန်၊ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဖြင့် စက်တင်ဘာလ ၄ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)
