တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၂
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက် ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်း ပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့ရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) (ဘုရင့်နောင်)၊ အောင်သရဖူကိုယ်ပိုင်အထက်တန်းကျောင်း၊ ရိုးမရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း နှင့် Bright Golden Future ကိုယ်ပိုင်အလယ် ကျောင်းများ မှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန် ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု ခဲ့ကြပြီး သိရှိလို သည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။ ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထား သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံ များ ရိုက်ကူးကြသည်။
ထို့နောက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာ များကို ပေးအပ်ချီးမြှင့်ကြသည်။
လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ် -
ပထမတစ်ခေါက် လာရောက်လေ့လာတုန်းက ငယ်သေးတဲ့အတွက်ကြောင့် ဒီတိုင်းပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ပတ်ကြည့်ပြီးတော့ ပြန်သွားခဲ့တာပါ။ အခုတစ်ခေါက်ကျ တော့ သေသေချာချာလေး လေ့လာဖြစ်ပါတယ်။ တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက် လေ့လာခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိလူကြီးတွေနဲ့ ကြီးကြပ်ပေးတဲ့ ဆရာ၊ ဆရာမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလိုလာရောက်လေ့လာရတဲ့ အတွက်လည်း ဗဟုသုတတွေ အများကြီးရရှိလို့ ဝမ်းသာ ပျော်ရွှင် ကျေနပ်အားရမိပါတယ်။ မြန်မာနိုင်ငံကို အကျိုးပြုခဲ့တဲ့ သူရဲကောင်းတွေ၊ အသုံးပြုခဲ့တဲ့ ပစ္စည်းအကြောင်းတွေကို လေ့လာခွင့်ရတဲ့ အတွက် စိတ်ထဲမှာပျော်ရွှင်ပါတယ်။ သိရှိခွင့်ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ကိုယ်ကို တိုင်ကလည်း မြန်မာနိုင်ငံကို အကျိုးပြုတဲ့ သူတစ်ယောက် ဖြစ်ချင်ပါတယ်။
လာရောက်လေ့လာရတဲ့အတွက် ပျော်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူလာရတဲ့ အတွက်လည်း ပျော်ပါတယ်။ စာအုပ်ထဲမှာဘဲ တွေ့မြင်ရတာမဟုတ်ဘဲနဲ့ လက်တွေ့အပြင်မှာ တွေ့ရတာဖြစ်တဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။ အခုလိုမျိုး ကျောင်းသား၊ ကျောင်းသူ တွေကို လာရောက်လေ့လာခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိလူကြီးတွေနဲ့ အန္တရာယ် တစ်စုံတစ်ခုမဖြစ်အောင် လိုက်လံစောင့်ရှောက်ပေးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။



