၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ နှင့် စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားများ ကျင်းပပြုလုပ်

Tuesday, September 15, 2026 - 08:30

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ နှင့် စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားများ ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၅ စက်တင်ဘာ - ၁၁

 

              ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သော စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သား/သမီးများ၊ စစ်သည်အစားခန့် (အရပ်သား)ဝန်ထမ်းများ၏ သား၊သမီးများ၊ စစ်သည်များ၊ လူရည် ချွန်ဆုရရှိသူများ အား  ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားများကို ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာန ချုပ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းခန်းမ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ ၌ လည်းကောင်း၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊အောင်ဇေယျခန်းမ ၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ လည်းကောင်း၊အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာချုပ်၊ ဧရာဝတီခန်းမ၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ခန်းမ၌ လည်းကောင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသိရီခန်းမ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌လည်းကောင်း အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူး များနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

              ဦးစွာ တိုင်းမှူးများနှင့်တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဂုဏ်ပြု ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များ ကိုယ်စား ကျောင်းသား၊ ကျောင်းသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြ သည်။ ၎င်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များအားဂုဏ်ပြုလက်ဖက်ရည်တို့ဖြင့် တည် ခင်းဧည့်ခံပြီး အတူတကွ သုံးဆောင်ခဲ့ကြကြောင်းသတင်းရရှိသည်။(၁၀၀)