အိန္ဒိယ-မြန်မာ လေတပ်နှစ်ရပ်အကြား အရာရှိကြီးများအဆင့် အလုပ်သဘောခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေး (Functional Level Visit) ခရီးစဉ်လာရောက်
နေပြည်တော်၊ စက်တင်ဘာလ ၁၁
အိန္ဒိယ-မြန်မာလေတပ်နှစ်ရပ်အကြား အရာရှိကြီးများအဆင့် အလုပ်သဘောခရီးစဉ် များ အပြန်အလှန်စေလွှတ်ရေး (Functional Level Visit) လာရောက်သည့် အိန္ဒိယလေတပ် မှ အရှေ့ပိုင်းလေတပ်ဌာနချုပ်မှူး Air Marshal Inderpal Sing Walia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ စစ်သံမှူး နှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ သည်။
အဆိုပါ အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၈ ရက်တွင် လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ပြီး လေတပ်စခန်းဌာနချုပ်မှူး မှ ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၉ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်းအား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဂါရဝပြုတွေ့ဆုံရာ နှစ်နိုင်ငံလေတပ် နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး အထိမ်း အမှတ် လက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ ကြသည်။
ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက် လေ့လာခဲ့ကြပြီး Park Royal Hotel ၌ တပ်မတော်(လေ)မှ တာဝန်ရှိသူများက အလုပ်သဘောနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ခရီးစဉ်အတွင်း အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည်ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ဈေး၊ ဇဗားရှားဂူဗိမာန်နှင့်အမျိုးသားပြတိုက် တို့အား သွားရောက်လေ့လာခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် Air Marshal Inderpal Sing Walia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယ နိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာတပ်မတော်(လေ)မှ အရာရှိကြီးများ၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ စစ်သံမှူးနှင့်တာဝန်ရှိသူများကပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။(၁၀၀)

