‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ ‎‌နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၀

Thursday, September 10, 2026 - 12:15

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၀

 

        နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက် ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်း ပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။

        ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ(နေပြည်တော်) တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ညောင်လွန့်)မှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ သည်  ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန် ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလို သည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။ ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက် ပစ္စည်းများကိုပါလေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြသည်။

        ထို့အပြင် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာ များကို ပေးအပ်ချီးမြှင့်ကြသည်။

          ဒီလိုမျိုး ဗဟုသုတရဖွယ်လည်း ကျွန်မကိုယ်တိုင်လည်း အခုမြင်တွေ့ရတဲ့အတွက် ကြောင့်  အင်မတန်လည်း ဝမ်းသာပါတယ်။ ကလေးတွေဆိုလည်း အင်မတန်တက်ကြွတယ် ပေါ့နော်။ ဒီလို ခရီးစဉ်တွေကို လိုက်ရတဲ့အတွက်ကြောင့် ဒီမှာက မြင်တွေ့ရတဲ့ ဗဟုသုတတွေ က ကျွန်မတို့ဘဝမှာ  တစ်ကယ်ကို အဖိုးမဖြတ်နိုင်တဲ့ တစ်ကယ့်ကို အကြောင်းအရာတွေ ကျွန်မတို့ မြင်တွေ့ခဲ့ရတာပေါ့။ အဲ့အတွက်  ကျောင်းသားတွေကိုယ်စား ကျွန်မအနေနဲ့အရမ်း ကို ဝမ်းသာပီတီ ဂုဏ်ယူမိပါတယ်ရှင်။ပြီးတော့ ကလေးလေးတွေလည်း ကျွန်မတို့က နိုင်ငံပေါ် မှာ ပိုပြီးတော့ ချစ်စိတ်တွေလည်း တိုးပွားလာတယ်လို့ ကျွန်မအနေနဲ့ယုံကြည်ခံစားမိပါ တယ်ရှင်။ အခုလိုမျိုး ကျွန်မတို့ရဲ့ ကျောင်းတွေကိုပေါ့နော်။ ဒီလိုမျိုး ကားတွေနဲ့လည်း ကျောင်းတွေကိုပေါ့နော်။ ဒီလိုမျိုး အကြိုအပို့တွေ စီစဉ်ပြီးတော့ ပို့ဆောင်ပေးခဲ့တဲ့  တာဝန်ရှိလူကြီးမင်းများ အကြီးအကဲများအားလုံး တပ်မတော်အရာရှိများအားလုံးကိုလည်း ကျွန်မတို့အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

အဓိက စိတ်ဝင်အစားဆုံးက ကျွန်တော်တို့  ပထမဆုံးအကြိမ်ပြတဲ့ သမိုင်းကြောင်းကို ပြန်ပြတဲ့အပိုင်းတွေရယ် နောက်ပြီးတော့ ကျွန်တော်တို့ လေတပ်ကို ရှင်းပြတဲ့ အပိုင်းတွေရယ် ပိုပြီးတော့ စိတ်ဝင်စားပါတယ်။လေတပ်ရဲ့ စစ်လေယဉ်တွေ အဲ့က ပါတဲ့ ပါဝင်ပစ္စည်း တွေအကြောင်းကိုလည်း ကျွန်တော်သိရတယ်။ ဒီခရီးကို စီစဉ်ပေးတဲ့ တာဝန်ရှိလူကြီးတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ ဒီထက်မကလည်း ဒီထက်ပိုပြီးတော့ ကျယ်ပြန့်တဲ့နေရာတွေကိုလည်း ထပ်ပြီးတော့ လိုက်ပို့ပါအုံးလို့လည်း ပြောချင်ပါတယ်။