တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေ လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁၇
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တောင်ရှည် တိုက်နယ်ဆေးရုံ၊ နမ့်ဆန်ပြည်သူ့ဆေးရုံနှင့် သီပေါမြို့နယ်ဆေးရုံများသို့ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အောက်ဆီဂျင်အိုး ၃၀ လုံးနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများအားလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အောက်ဆီ ဂျင်အိုး ၃၀ လုံးကိုလည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ပန်းတနော်မြို့များရှိ ပြည်သူ့ဆေးရုံများသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များက အောက်ဆီဂျင်အိုး ၂၀ လုံးအားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ ဆေးရုံသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး အလုံး ၄၀ အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး ၅၀ လုံးကိုလည်းကောင်း အသီးသီး သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ် ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်သားဖွား မီးယပ်နှင့်ကလေးဆေးရုံ၌ ၄၀ လီတာဆံ့ အောက်ဆီဂျင် ၈၀ လုံးထုတ်လုပ်နိုင်သည့် Oxygen Plant ၁ လုံး တပ်ဆင်စမ်း သပ်နေမှုကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းရှိ အောက်ဆီဂျင်စက်ရုံနှင့် မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၂)သံမဏိစက်ရုံတို့၌ အောက်ဆီဂျင် ထုတ်လုပ်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန် ရှိသူများကလည်ကောင်း သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေ လှူဒါန်း နေပြည်တော်၊ ဇူလိုင် - ၁၇
Saturday, July 17, 2021 - 16:30