မော်တော်ယာဉ်မောင်းနှင်မှုအား “စုံ” ရက်၊ “မ” ရက် ခွဲခြားမှု မရှိဘဲ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင်ပါကြောင်း ပြည်သူသို့အသိပေးကြေညာချက် ထုတ်ပြန်ခြင်း
နေပြည်တော်၊ စက်တင်ဘာလ ၉ ရက်
၁။ ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် “စုံ” ရက်များတွင် စုံနံပါတ် အက္ခရာ ပါသောယာဉ်များနှင့် “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များအား သတ်မှတ်ချက်များ နှင့်အညီ ကန့်သတ်မောင်းနှင်အသုံးပြုရန် ပြည်သူသို့ အသိပေးကြေညာချက်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့ပါသည်။
၂။ ယခုအခါ စက်သုံးဆီသုံးစွဲမှုသည် ပုံမှန် တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာပြီး ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် လည်ပတ်စေရန်တို့အတွက် အထက်ပါထုတ်ပြန်ခဲ့သည့် ပြည်သူသို့ အသိပေးကြေညာချက်များအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်သည်။
၃။ မော်တော်ယာဉ်များအား “စုံ” ရက်၊ “မ” ရက် ခွဲခြားမောင်းနှင်မှု အစား ပုံမှန်အတိုင်း ပြန်လည် မောင်းနှင်နိုင်ပါကြောင်းနှင့် နိုင်ငံ၏စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်း စနစ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိကျင့်သုံးလျက်ရှိသော “စုံ” / “မ” ရက်စနစ်- QR Code သတ်မှတ်ချက်နှင့်အညီ ဆက်လက်ဝယ်ယူရန် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ် ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်သမ္မတရုံး