ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပ ပြုလုပ် နေပြည်တော်၊  ၂၀၂၆ စက်တင်ဘာ ၉

Tuesday, September 8, 2026 - 06:15

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပ ပြုလုပ်

 

နေပြည်တော်၊  ၂၀၂၆ စက်တင်ဘာ ၉

 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ စုဖွဲ့၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၈) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက်  တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)မှ သင်တန်း သားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ် ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံ နှုတ်ဆက်အားပေး ခဲ့ကြသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)မှ  နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ်

            စစ်မှုထမ်းဆင့်ခေါ်စာကြားလို့ ကျွန်တော်ဒီနေပြည်တော် ရောက်နေတဲ့အခိုက်မှာ လိုက်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်အကောင်းဆုံးတော့ လေ့လာပြီးသင်ယူသွားမှာပါ။ လဆိုတဲ့ကာလကလည်း မကြာဘူးလေ။ လေ့လာသွားမယ်။ ပြီးတော့ အကောင်းဆုံး ကျွန်တော်ကြိုးစားမယ်။ နောက်သင်တန်းတက်ရောက်မယ့်သူတွေလည်း ကိုယ်ထင်ထားတဲ့ အတိုင်းမဟုတ်ပါဘူးလို့ပြောချင်ပါတယ်။ အရင်တုန်းကတော့ စစ်မှုထမ်းရမယ်ဆို ပြည်သူ တွေအားလုံးက အရမ်းကြောက်နေကြတယ်။ အခုက နွေးနွေးထွေးထွေးကြိုဆိုကြတယ်။ ကိုယ်ထင်ထားသလို မျိုးမဟုတ်ဘူး။ ဒီမှာအားလုံးအဆင်ပြေကြတယ်။ ဆင့်ခေါ်စာကျရင် တက်ရောက်ကြပါလို့ ကျွန်တော်ဒီကနေပြောကြားချင်ပါတယ်။ နိုင်ငံတော်ကပေးအပ်တဲ့ တာဝန်ကို ကျွန်တော်ကျ ရာတာဝန်ကို အကောင်းဆုံးကြိုးစားပြီးထမ်းဆောင်သွားမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။

            စစ်မှုထမ်းက လူတိုင်းထမ်းရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကမ္ဘာပေါ်မှာနိုင်ငံ ပေါင်း ၁၉၇ နိုင်ငံရှိပါတယ်။ နိုင်ငံပေါင်း ၆၀ ကျော်မှာ စစ်မှုထမ်းဥပဒေကိုပြဌာန်းထားတဲ့ အတွက် ကျွန်တော်တို့နိုင်ငံမှာလည်း မဖြစ်မနေထမ်းရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့အပြင်လောကနဲ့မတူတဲ့စည်းကမ်းတွေကို ကျွန်တော်တို့ရရှိမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့တစ်ခါမှမသင်ယူဘူးတဲ့ စစ်ပညာတွေနဲ့ နိုင်ငံတော်ကာကွယ်ဖို့ ပညာတွေကို ရရှိ မယ်လို့ ထင်ပါတယ်။ လူတိုင်းကတော့ စစ်သားမဖြစ်ပါဘူး။ ကျွန်တော်တို့အခုမျိုးတာဝန်ထမ်း ဆောင်ခွင့်ရတဲ့အတွက် အများကြီးဂုဏ်ယူပါတယ်။ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့က လည်း ကြိုးစားပြီးတော့သင်ယူပါတယ်။ (၁၀၀)