ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)သို့တက်ရောက်မည့်နိုင်ငံ့သားကောင်းရတနာများအားတွေ့ဆုံအားပေး

Sunday, September 6, 2026 - 09:00

 

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)သို့တက်ရောက်မည့်နိုင်ငံ့သားကောင်းရတနာများအားတွေ့ဆုံအားပေး

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၅

 

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈)သို့ တက်ရောက်ကြမည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင်   အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ က တပ်နယ်အားကစားရုံ ၌  သွားရောက် တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။(၁၀၀)