ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ရေဖြတ်သန်းစီးဆင်းမှုကြောင့်ဧရာဝတီတိုင်းဒေသကြီးအတွင်းမြို့နယ်(၆)မြို့နယ်ရှိရပ်ကွက်(၁၉)ခုနှင့်ကျေးရွာအချို့ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့်ကူညီကယ်ဆယ်ရေးနှင့်တားဆီးကာကွယ်ရေးလုပ်ငန်းများ

Sunday, September 6, 2026 - 09:00

 

ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ရေဖြတ်သန်းစီးဆင်းမှုကြောင့်ဧရာဝတီတိုင်းဒေသကြီးအတွင်းမြို့နယ်(၆)မြို့နယ်ရှိရပ်ကွက်(၁၉)ခုနှင့်ကျေးရွာအချို့ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့်ကူညီကယ်ဆယ်ရေးနှင့်တားဆီးကာကွယ်ရေးလုပ်ငန်းများအင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်ပေး လျက်ရှိ

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၅ ရက်

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ် ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများ အတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက် မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်းကျုံပျော်မြို့နယ်တွင် ငဝန်မြစ်ရေ သည်  ဩဂုတ် ၃၀ ရက်တွင် ၈ ပေ ၁ လက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၇ ပေ ၁ လက်မခန့်သာ ကျန်ရှိသဖြင့် ၁ ပေခန့် ကျဆင်းသွားကြောင်း၊ ကျောင်းကုန်းမြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်တွင် ၇ ပေ ၁ လက်မ ခန့်ထိ အမြင့်ဆုံး ဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၆ ပေ ၄ လက်မခန့်သာ ကျန်ရှိသဖြင့် ၉ လက်မခန့်ကျဆင်းသွားခဲ့ကြောင်း၊ ငါးသိုင်းချောင်းမြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်တွင် ၁၀ ပေ ၉ လက်မခန့်ထိ အမြင့်ဆုံး ဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၈ ပေ ၁  လက်မခန့်သာကျန်ရှိသဖြင့် ၂ ပေ ၈ လက်မခန့်အထိကျဆင်းသွားခဲ့ကြောင်း  သိရှိရ သည်။

ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများတွင် တင်ကျန်ခဲ့သည့် နှုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဝိုင်းဝန်းကူညီဆောင်ရွက် ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများ အသုံးပြု၍ Geobags သဲအိတ်ကြီး များချခြင်း၊ မျောတုတ်တန်း များ အတွင်း သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေး လုပ်ငန်းများကို စက်ယန္တရား များနှင့် လုပ်အားစုများ အသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။(၁၀၀)