အောင်ပန်းမြို့နှင့်မဟာအောင်မြေမြို့နယ်တို့ရှိသံဃာတော်များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်

Sunday, September 6, 2026 - 08:45

 

အောင်ပန်းမြို့နှင့်မဟာအောင်မြေမြို့နယ်တို့ရှိသံဃာတော်များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ စက်တင်ဘာ ၅

 

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မား စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ကမ္ဘားနီကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာ ဆေးကုသရေးအဖွဲ့က သံဃာတော်၁၃ပါးနှင့် ဒေသခံ ပြည်သူ ၂၇၉ ဦးတို့အား  သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အရိုးကြောရောဂါ၊ အရေပြားဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ ဖျားနာရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်  ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်း သပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့သို့ဆောင်ရွက်ပေးနေမှုများကို  တိုင်းစစ်ဌာချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အဆိုပါ ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။

အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊  သံလျက်မှော်အနောက်ရပ်ကွက်ရှိ လိုရာပြည့်စုံ ရန်မျိုးလုံ ပေါ်တော်မူ  ဘုရား (၅)ဆူ ၌ အခြေပြု၍ အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူ (၁၂၂)ဦးတို့အား သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ မီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက် ဆေးကု သနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ က သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။(၁၀၀)