အောင်ဇေယျမြို့သစ်ရှိစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ စက်တင်ဘာ ၅
တပ်မတော်ဆေးကုသရေးအဖွဲ့များအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အောင်ဇေယျမြို့သစ်ရှိ အရိယမဂ္ဂဓမ္မာရုံ ၌ အခြေပြု၍ အမှတ်(၁)အောင်ဇေယျစစ်မှုထမ်း အိမ်ယာမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ၈၇ ဦး တို့ကို သွေးတိုးရောဂါ၊ ဆီချိုရောဂါ၊ ဖျားနာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရောဂါ၊ အရေပြားရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း ဓာတ်မှန် ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်း သပ်စစ်ဆေးပေးခြင်း များဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သည့်လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို Wheel Chair နှစ်စုံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

