တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး)ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

Sunday, September 6, 2026 - 16:00

 

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး)ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၄ ရက်

 

           တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုး သမီး) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစား ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား ဝါသနာရှင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

           ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ ပွဲစဉ် ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။

           အဆိုပါ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး)ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်(အမျိုးသား/အမျိုးသမီး) ၁၂ သင်းစီဖြင့် စက်တင်ဘာ ၁၆ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။