၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာအောင်မြင်ခဲ့သောတပ်မတော်(လေ)မှ စစ်သည်များ၊စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများနှင့်စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်

Sunday, September 6, 2026 - 15:45

 

 

၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာအောင်မြင်ခဲ့သောတပ်မတော်(လေ)မှ စစ်သည်များ၊စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများနှင့်စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်

 

နေပြည်တော်၊ စက်တင်ဘာ ၄

 

              ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများနှင့် စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

              ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)က ဂုဏ်ပြုအမှာစကားပြောကြားပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၆)ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စစ်သည် ၄ ဦးတို့ကို ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။