(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ
နေပြည်တော် ဩဂုတ်၊ ၃၁
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အ က၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ဆက်လက်ကျင်းပသည်။
(၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲမှ မျက်လှည့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အဖွဲ့ ၄ ဖွဲ့က သိပ္ပံဆိုင်ရာ သဘောတရားများနှင့်လက်လှည့်ပညာများကို အသုံးပြု၍ ပရိသတ်၏ အမြင်နှင့် အာရုံကို လှည့်စားကာ မဖြစ်နိုင်ဟု ထင်ရသော ဖျော်ဖြေတင်ဆက်မှုများကို ပြုစား သည့် မှော်စွမ်းအား မဟုတ်ဘဲ လေ့ကျင့်မှု၊ နည်းပညာများဖြင့် ပေါင်းစပ်ကာ တစ်ဦးချင်း အနီးကပ်ပြကွက်၊ စင်တင်အလတ်စားနှင့် အကြီးစားပြကွက်များကို အားပါးတရ ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံးရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် အနုပညာ ရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြည့်ရှု အားပေးကြကြောင်း သိရသည်။


