(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ‎ ‎နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၃၀

Sunday, August 30, 2026 - 09:00

(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ‎

နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၃၀

‎‎       ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ ပဉ္စမနေ့ကို နေပြည်တော်စစ်ကြောရေးနှင့်တည်းခို ရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ဆက်လက်ကျင်းပသည်။

ဦးစွာ နံနက်ပိုင်းတွင် (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အ က၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲမှအရေးပြိုင်ပွဲတွင် ပြည်သူ ညီတူ ကြည်ဖြူ စိတ်ဓာတ်ဆို‌သော‌ ခေါင်းစဉ်ဖြင့့် ပြိုင်ပွဲဝင် ၁၃ ဦးကလည်းကောင်း၊ အတီးပြိုင်ပွဲတွင် မြန်မာ့ဆိုင်းတစ်ဦးချင်းနှင့် ပတ္တလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၇ ဦးက လျှပ်ပန်း‌ခွေနွဲ့ ယိုးဒယားသီချင်းဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ခေတ်ပေါ်တီးဝိုင်းမှ(အဖွဲ့လိုက်)ပြိုင်ပွဲကို ပြိုင်ပွဲဝင်အဖွဲ့ ၆ ဖွဲ့မှ မြိုင်ဆိုင်မြူးကြွလှသောတီးလုံးလက်သံများဖြင့် အသီးသီးတီးခတ်ယှဉ်ပြိုင်ကြသည်။

ညပိုင်းတွင် အငြိမ့်ပြိုင်ပွဲကိုနယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ် ခွဲများကဆက် လက် ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံးရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် အနုပညာ ရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြည့်ရှု အားပေးကြကြောင်း သိရသည်။