(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဩဂုတ် ၂၉ ရက်
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အ က၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ စတုထ္တနေ့ကို ယနေ့နေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ဆက်လက် ကျင်းပသည်။
ဦးစွာ နံနက်ပိုင်းတွင် (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အ က၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲမှမြန်မာ့ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ မှ စိတ်ကြိုက် ယိမ်းပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အဖွဲ့ ၆ ဖွဲ့က ဒို့တောရွာ၊ လက်ခတ်သံ၊ လယ်တော သူ၊ ရွှေညာသူသီ ချင်းများဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာယဉ် ကျေးမှုအကပြိုင်ပွဲ မှနှစ်ပါးသွားအကပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၄ ဖွဲ့က သစ္စာထားနှစ်ပါးသွားအကအလှ များဖြင့်လည်းကောင်း၊ အသီးသီး ယှဉ်ပြိုင်ကြသည်။
မွန်းလွဲပိုင်းတွင်တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲမှ မြန်မာဆိုင်း (အဖွဲ့လိုက်)ပြိုင်ပွဲကို ပြိုင်ပွဲဝင်အဖွဲ့ ၅ဖွဲ့က မြိုင်ဆိုင် မြူးကြွလှသောတီးလုံးလက်သံများဖြင့်လည်းကောင်း ၊အတီးပြိုင်ပွဲတစ်ဦးချင်း(မောင်း) ပြိုင်ပွဲတွင်ပြိုင်ပွဲဝင် ၁၀ ဦးကပန်းဟေဝန်သီချင်းဖြင့်လည်းကောင်း ၊အတီးပြိုင်ပွဲ (ပတ်ဝိုင်း)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၇ ဦးက အောင်မင်္ဂလာ ယိုးဒယားသီချင်းဖြင့် လည်းကောင်းအသီးသီးယှဉ်ပြိုင်တီးခတ်ကြသည်။
အလားတူ ညပိုင်းတွင်နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ် ခွဲများက အငြိမ့်နှင့်ပြဇာတ် များကိုပါဝင်ကပြယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံးရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် အနုပညာ ရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြည့်ရှု အားပေးကြကြောင်း သိရသည်။






