ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အားလက်ခံတွေ့ဆုံ
နေပြည်တော် ဩဂုတ် ၂၆
ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လွတ်လပ်ပြီး တရားမျှတသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲတိုး တက်မှုအခြေအနေ၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ကဏ္ဍစုံဖွံ့ ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအပြင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင် ရေးအခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။ (သတင်းစဉ်)