(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ ပထမနေ့ ကျင်းပ နေပြည်တော်    ဩဂုတ်၊ ၂၆

Thursday, August 27, 2026 - 09:15

(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ ပထမနေ့ ကျင်းပ

နေပြည်တော်    ဩဂုတ်၊ ၂၆

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး  ညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ ပထမနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူ ရှင်ခန်းမ၌ ကျင်းပသည်။

ဦးစွာခေတ်ဟောင်းတေးအဆိုပြိုင်ပွဲ(အမျိုးသား)ကို ပြိုင်ပွဲဝင် ၂၂ ဦး က လူချွန် လူကောင်းခေတ်ဟောင်းတေးသီချင်းဖြင့် လည်းကောင်း၊ ခေတ်ဟောင်းတေးအဆိုပြိုင်ပွဲ (အမျိုးသမီး)ကိုပြိုင်ပွဲဝင် ၁၆ ဦးက ဓမ္မစကြာခေတ်ဟောင်းတေးသီချင်းဖြင့် လည်း ကောင်း အသီးသီးသီဆိုယှဉ်ပြိုင်ကြသည်။

ညပိုင်းတွင် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများက အငြိမ့်နှင့်ပြဇာတ်များကို ပါဝင် ကပြယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)​၊ ပြည်သူ့ဆက်ဆံ​ရေးနှင့် စိတ်ဓာတ်စစ်ဆင်​ရေးညွှန်​ကြား​ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ အနုပညာ ရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြည့်ရှု အားပေးကြပြီး ပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်နေ့အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။