‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ သွားရောက်လေ့လာ ‎ နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၄ ရက်

Tuesday, August 25, 2026 - 03:30

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ သွားရောက်လေ့လာ

‎ နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၄ ရက်

 

‎            နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်း သား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။

‎            ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)(သာစည်)မှ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် စိတ်အား ထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက် လေ့လာ ကြသည်။

‎            ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန် ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလို သည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။ ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက် ပစ္စည်းများကိုပါလေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

လေ့လာရေးသွားရောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များ၏ စကားသံ များကိုလည်း ယခုကဲ့သို့ ကြားသိရပါတယ်-

           ကျွန်မကတော့ ဇေယျာသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(သာစည်) ကျောင်းမှ ဒုတိယအလယ်တန်းပြဆရာမ ဒေါ်သူသူစံနိုင်ဖြစ်ပါတယ်။ တပ်မတော်စစ်သမိုင်း ပြတိုက်ကို လာရောက်လေ့လာဖြစ်တာကတော့ ကျောင်းသား၊ ကျောင်သူများ  မြန်မာ့ တပ်မတော် အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားဖို့ပဲဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ သင်ကြား ရရင်ဆိုရင်တော့ စာအထဲမှာပါတဲ့အကြောင်းအရာလောက်ကိုပဲ ကလေးတွေကသိရှိပြီး ယခု လိုလက်တွေ့မှာ လာပြီးကြည့်ရတဲ့အတွက် ကလေးတွေအတွက်လည်း အသိပညာဗဟုသုတ  တွေပိုပြီးတော့ ကြွယ်ဝမယ်လို့ထင်မိပါတယ်ရှင်။ တပ်မတော်စစ်သမိုင်းပြတိုက်ထဲမှာ တာဝန် ယူရှင်းပြပေးတဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။

            ကျွန်တော်ကတော့ ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာ အခြေပညာအလယ်တန်း ကျောင်း(ခွဲ)Grade-9 မှာပညာသင်ကြားနေတဲ့ ကျောင်းသားဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ အခုလို တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာခွင့်ရတဲ့အတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဝမ်းသာမိပါတယ်။ ယခုလိုတပ်မတော်စစ်သမိုင်းပြတိုက်မှာ တပ်မတော်ရဲ့ သမိုင်းကြောင်းတွေကိုလေ့လာခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျွန်တော်စိတ်ဝင်စားဆုံးနေရာကတော့ တပ်မတော်စစ်အင်ဂျင်နီယာပြ ခန်းပဲဖြစ်ပါတယ်။ ကျွန်တော်မသိတဲ့အကြောင်းအရာတွေ တွေ့ရှိခဲ့တာအများကြီးပါပဲ။ မြန်မာ နိုင်ငံရဲ့သမိုင်းကြောင်းတွေ၊ စစ်လက်နက်ပစ္စည်းတွေ ကိုသိခဲ့ရပါတယ်။ အခုလိုလေ့လာရေး ခရီးစဉ် စီစဉ်ပေးတဲ့တာဝန်ရှိ လူကြီးများကိုကျေးဇူးတင်ပါတယ်။