ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူလူထုများအတွက် အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း 

Thursday, July 15, 2021 - 16:30

 

နေပြည်တော်၊ ဇူလိုင် - ၁၅

လက်ရှိအချိန်၌ အောက်ဆီဂျင် လိုအပ်ချက်များ ဖြစ်ပေါ်နေသည်ဟု လူမှု ကွန်ယက်စာမျက်နှာများတွင် တွေ့ရှိရပြီး COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်းရှိ)စေတနာရှင်အလှူရှင်များမှ စုပေါင်းလှူဒါန်း ငွေများဖြင့် တရုတ် နိုင်ငံမှ မှာယူထားရှိသည့် အောက်ဆီဂျင် အိုးများသည် ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့တို့ရှိ နယ်စပ်ဂိတ်များမှ တစ်ဆင့် ရောက်ရှိလာသည်။

အဆိုပါရောက်ရှိလာသည့် အောက်ဆီဂျင်အိုးများအနက် ၄၀ လီတာ ၁၀၀ အိုး၊COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask၊ ရေမလိုလက်သန့်ဆေးရည်၊ အရက်ပြန်၊ PPE ဝတ်စုံ၊ လက်အိတ်နှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာပစ္စည်းများအား လားရှိုးမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့၊ မန်တုံမြို့၊ နမ့်ဆန်မြို့၊ နမ္မတူမြို့များနှင့် သီပေါမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ သွားရောက်ပေးပို့လှူဒါန်းခဲ့ရာ သက်ဆိုင်ရာဆေးရုံများအလိုက် တာဝန်ရှိသူ များက လက်ခံရယူကြသည်။

ထို့အတူ ၄၀ လီတာဆံ့ ၁၀၀ အိုးကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ Covid လူနာများကုသရာတွင် အသုံးပြုနိုင်ရန်အတွက် ဆက်လက်ပေးပို့လျက်ရှိ ကြောင်း သတင်းရရှိသည်။