တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ဆရာ ၊ ဆရာမများ လာရောက်လေ့လာ နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၂

Monday, August 24, 2026 - 07:30

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ဆရာ ၊ ဆရာမများ လာရောက်လေ့လာ

နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၂

 

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော် သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှု၍ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ကျန်းမာသန်စွမ်းစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ခေတ်အေး)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် စိတ်အားထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကို စိတ်ဝင်စားစွာကြည့်ရှု့ကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်း ကြရာ ပြခန်းတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားသည်။ ထို့ပြင် ပြင်ပပြကွက်များ တွင် ခင်းကျင်ပြသထားသည့် ပြကွက်များကိုကြည့်ရှု့ လေ့လာကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

ယခုကဲ့သို့ လေ့လာရေးခရီးစဉ် စီစဉ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်နှင့် တပ်မတော်၏ သမိုင်းကြောင်းများကို မှန်ကန်စွာသိရှိနားလည်စေခြင်း၊ တပ်မတော်အကြီးအကဲများ၏ တပ်မတော်နှင့် နိုင်ငံတော်အပေါ်ထားရှိသော စေတနာနှင့် ရှေ့ဆက် ဆောင်ရွက်မည့်ရည်မှန်းချက်များကို သိရှိစေခြင်း၊ တပ်မတော်၏လုပ်ငန်းဆောင် ရွက်ချက်များ၊ တည်ဆောက်မှုများနှင့် တီထွင်ဆန်းသစ်မှုများကို လေ့လာခွင့်ရရှိခြင်း၊ မျိုးချစ် စိတ်ဓာတ်များရှင်သန်ထက်မြက်လာပြီး အားကျအတုယူလိုစိတ်များဖြစ်ပေါ်လာစေခြင်း၊ ကျောင်းသား/ကျောင်းသူတစ်ဦးချင်းစီ၏ ပြင်ပလေ့လာမှတ်သားနားလည်မှု စွမ်းရည်တိုး တက်လာပြီး ပတ်ဝန်းကျင်ရှုခင်းများကြည့်ရှု့ရင်း စိတ်ကြည်လင်လန်းဆန်းမှုရရှိစေပြီး သင်ကြားမှု၊ သင်ယူမှုများပိုမိုအားကောင်းလာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေမည် ဖြစ်ကြောင်း သတင်းရရှိသည်။