တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ နေပြည်တော်၊ ဩဂုတ် ၂၁

Monday, August 24, 2026 - 06:30

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂၁

        ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting ) ကို တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင် သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ထိုင်းဘုရင့်လေတပ်၊ Wing 6 မှ ပြန်လည်ထွက်ခွာခဲ့ကြရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်မှအရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးဇော်ဇော်စိုး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်း နှင့်တာဝန်ရှိသူများ က လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

        ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ လိုက်ပါလာသည့် တပ်မတော် အထူးလေယာဉ်သည် နေပြည်တော်လေဆိပ်သို့  ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မ‌တော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။

        တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်များသည် ထိုင်း - မြန်မာ အဆင့် မြင့်အရာရှိများအစည်းအဝေးသို့တက်ရောက်ခဲ့ကြပြီး ထိုင်းဘုရင်တပ်မတော်မှအကြီးအကဲ များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် ထိုင်းနိုင်ငံရှိအထင်ကရနေရာများကို သွား ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။