တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံရုံးရှိဝန်ထမ်းများနှင့် သင်တန်းသားများအားတွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ်-၂၁
ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုုပ် ဗိုလ်ချုပ်ကြီး ရဲဝင်ဦး သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံရုံးရှိ ဝန်ထမ်းများနှင့်မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ တည်းခိုရာ ဟိုတယ် ဧည့်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်နီလာ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်း နှင့်တာဝန်ရှိသူများ၊ သံရုံးမိသားစုများ၊ သင်တန်းသားများတက် ရောက်ကြ သည်။
ဦးစွာ စစ်သံရုံးဝန်ထမ်းများနှင့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်၍ သံရုံး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကိုကာကွယ်ရမည်ဟူသော အသိစိတ်၊ နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံတော်၊ တပ်မတော် နှင့် မိသားစုအပေါ် သစ္စာစောင့်သိကြရန်လိုကြောင်း၊ ပညာတော်သင်ရောက်ရှိနေခြင်း သည် နိုင်ငံ့တာဝန်ထမ်းဆောင်နေခြင်းပင်ဖြစ်၍ နိုင်ငံအတွက်၊ တပ်မတော်အတွက် အကျိုး ရှိအောင် ပြန်လည်အသုံးချနိုင်သည့်အထိ ကြိုးစားသင်ယူသွားကြရန်လိုကြောင်း၊ သင်ယူ သည့် ဘာသာရပ်များမှတစ်ဆင့် ပိုမိုမြင့်မားသည့် အသိပညာ၊ အတတ်ပညာများ သင်ယူနိုင် ရေးမျှော်မှန်း၍ လေ့လာသွားကြရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ချိန်နှင့် သင်တန်းကာလ တစ်လျှောက်တွေ့ကြုံရသည့်နိုင်ငံတကာ ဆက်ဆံရေးအတွေ့အကြုံ ကောင်းများကို ကောင်းမွန်စွာရရှိရေး လေ့လာသင်ယူသွားရန်လိုကြောင်း၊ နေထိုင်စဉ် ကာလ အတွင်း သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ယူ သွားရန်နှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဥပဒေများကိုသိရှိအောင်လေ့လာ၍ စည်းကမ်း နှင့်အညီ နိုင်ငံနှင့်တပ်မတော်၏ ဂုဏ်သိက္ခာအတွက် စနစ်တကျနေထိုင်သွားကြရန် လိုကြောင်း။
မြန်မာ - ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ယခင်ကတည်းက နှစ် နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုများရှိခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကိုယ်စားဆောင်ရွက်နေကြ သူများဖြစ်သောကြောင့် မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူရသည့် ကဏ္ဍအလိုက် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရာတွင် စံနမူနာပြ ဝန်ထမ်းများအဖြစ် တာဝန်ထမ်း ဆောင်ကြရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပေးသည့် အတတ်ပညာ များကို အလေးအနက်ထား သင်ယူသွားကြရန်လိုပြီး အမြဲမပြတ် လေ့လာအားထုတ် နေကြရမည်ဖြစ်ကြောင်း၊ သင်ယူရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိတို့နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင် ရွက်မှုကဏ္ဍများတွင် ထိရောက်စွာ ပြန်လည်အသုံးချကြရန်၊ မိမိနိုင်ငံအတွက် အားကိုး ရသည့် ထူးချွန်သူများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြော ကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမိသားစုများ၊ သင်တန်း သားများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကိုပေး အပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့်သံရုံးမိသားစုများနှင့် သင်တန်းသား များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။


