ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လေ့လာရေးခရီးသွားရောက်
နေပြည်တော် ဩဂုတ် ၂၀
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ တပ်မတော်၏စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာတွေ့ သင်ခန်းစာများကို အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ တပ်မတော်စစ်သမိုင်း ပြတိုက်(နေပြည်တော်)သို့ လေ့လာရေးခရီးစဉ်များ သွားရောက်လျက်ရှိရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)(ရွှေပေး)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာခဲ့ကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့များ စစ်သမိုင်းပြတိုက်သို့ ရောက်ရှိချိန်တွင် တပ်မတော် စစ်သမိုင်းဗီဒီယိုပြသခဲ့ပြီး ပြတိုက်တာဝန်ရှိသူတစ်ဦးက ပြတိုက်၏ သမိုင်းကြောင်း၊ တည်ထောင်ရခြင်း ရည်ရွယ်ချက်နှင့် ပြခန်း/ကဏ္ဍအလိုက် ခင်းကျင်းပြသထားမှုများကို လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ရှေးမြန်မာ မင်းများ အသုံးပြုခဲ့သည့် ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများ၊ ရှေးမြန်မာမင်းတို့၏ စစ်အင်္ဂါ လေးပါးဖြင့် စစ်ထွက်တော်မူပုံပြကွက်များ၊ ရှေးခေတ် မြန်မာ့တပ်မတော်သုံး ပစ္စည်းများ နှင့် သမိုင်းကြောင်းများ၊ ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ဓာတ်ပုံများ နှင့်ရုပ်တုများ၊ တပ်မတော်(ရေ)ပြခန်းရှိ ရှေးခေတ်မြန်မာ့ရေတပ်၊ ဂျပန်ခေတ် မြန်မာ့ရေတပ်မတော်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ် မှတ်တမ်းဓာတ်ပုံများ၊ သမိုင်းဝင်ဓာတ်ပုံများ၊ စစ်ရေယာဉ်ပုံစံငယ်များ၊ တပ်မတော်(လေ) ပြခန်းရှိ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ကာကွယ်ရေးဦးစီးချုပ် (လေ)များ၏ မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)၏ ဆောင်ရွက်ချက်များ၊ မူးယစ် ဆေးဝါးနှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်မှုမှတ်တမ်းများ၊ လေသူရဲကောင်းများ မွေး ထုတ်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ လေ့လာကြည့်ရှု စဉ်အတွင်း သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများ က အသေးစိတ်ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထိုကဲ့သို့ လေ့လာရေးခရီးစဉ် စီစဉ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ သမိုင်းကြောင်းများကို မှန်ကန်စွာ သိရှိနားလည် စေခြင်း၊ တပ်မတော်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တည်ဆောက်မှုများနှင့် တီထွင် ဆန်းသစ်မှုများကို လေ့လာခွင့်ရရှိပြီး အနာဂတ်ရည်မှန်းချက်များ ဖော်ထုတ်လာနိုင်ခြင်း၊ တပ်မတော်အကြီးအကဲများ၏ နိုင်ငံတော်နှင့် တပ်မတော်အပေါ် ထားရှိသော စေတနာ နှင့် ရှေ့ဆက်ဆောင်ရွက်မည့် ရည်မှန်းချက်များကို သိရှိစေခြင်း၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာပြီး အားကျအတုယူလိုစိတ်များ ဖြစ်ပေါ်လာစေခြင်း၊ ကျောင်းသား တစ်ဦးချင်းစီ၏ ပြင်ပလေ့လာမှတ်သား နားလည်မှုစွမ်းရည် တိုးတက်လာပြီး သဘာဝ ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုရင်း စိတ်ကြည်လင်လန်းဆန်းမှုရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။
လေ့လာရေးသွားရောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များ၏ စကားသံ များကိုလည်း ယခုကဲ့သို့ ကြားသိရပါတယ်-
ကျွန်မကတော့ ဇေယျာသီရိမြို့နယ် ၊ အခြေခံပညာအလယ် တန်းကျောင်းခွဲ (ရွေပေး)ကျောင်းကပါရှင့် ။ ကလေးတေါအတွက် ဗဟုသုတကတော့ အများကြီး ရရှိပါ တယ်။ နိုင်ငံတော်ရဲ့ သမိုင်းကြောင်းတွေ၊ ခေတ်အဆက်ဆက်က အသုံးပြုလာတဲ့ ဘစစ်လက်နက် ပစ္စည်းတွေ ဒီမှာ အကုန်လုံးတွေ့မြင်သိရှိရပါတယ်။ ကလေးတွေ အတွက် ဗဟုသုတအများကြီးရရှိပါတယ်။ နိုင်ငံတော်ကိုလည်း ချစ်တဲ့ စိတ် ၊ တပ်မတော် ကိုလည်း ချစ် တဲ့စိတ် သူတို့မှာ ဖြစ်ပေါ်လာပါလိမ့်မယ်။ စီစဉ်ပေးတဲ့ လူကြီးတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရ္ာတွေအနေနဲ့ဆိုရင် ဒီစစ်သမိုင်းပြတိုက်ကို ရောက်ဖို့ဆိုတာ ခဲ့ရင်းပါတယ်။ ဒီလို နိုင်ငံတော်အကြီးအကဲတွေက စီစဉ်ပေးတဲ့အတွက် ကျောင်းသားကျောင်းသူအများစုက ဒီကို လာလေ့လာခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
ကျွန်မကတော့ ဇေယျာသီရိမြို့နယ်မှာနေထိုင်ပါတယ်။ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(ရွေပေး)မှ ပညာသင်ကြားနေတဲ့ Grade – 9 ကျောင်းသူဖြစ်ပါတယ်။ သမီးရဲ့ နာမည်ကတော့ အမိုးပြည့်သဇင်ဖြစ်ပါတယ်ရှင့်။ သမီးတို့က ကျောင်းမှာဆိုရင် သမိုင်းဘာသာ ရပ်ကို သင်ကြားတဲ့အခါမှာ စာတွေ့ကို အဓိကသင်ကြားရပါတယ်ရှင့်။ အခုလို စစ်သမိုင်းပြ တိုက်ကိုလာရောက်အတွက် စာတွေ့နဲ့တန်းတူမျိုး ကိုယ်သိထားတာနဲ့ ပိုပြီး စစ်သမိုင်းပြတိုက် မှာ သိခွင့်ရရှိခဲ့ပါတယ်။ ရဲဘော်သုံးချိပ်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း တိုက်ပွဲဝင်ခဲ့တဲ့ ပုံစံတွေ ၊ အသုံးပြုခဲ့တဲ့ လက်နက်တွေအပြင် ဘယ်လိုရဲစွမ်းသတ္တိတွေရှိတယ်ဆိုတာလည်း သိခဲ့ရပါ တယ်ရှင့်။ အရင်းတုန်းက တပ်မတော်လို့ပဲ သိခဲ့တဲ့ အရာတစ်ခုမှာ အခန်းကဏ္ဍတွေအများ ကြီးပါဝင်တာကိုလည်း သိခဲ့ရပါတယ်ရှင့်။
ကျောင်းမှာဆိုရင် သမိုင်းဘာသာရပ်ကို စာတွေ့ပဲ သင်ကြားရတာဖြစ်တဲ့အတွက် သမီး တို့က သိမ့်စိတ်မပါဘူး ပျင်းတယ်။ ဒီလိုလက်တွေ့သင်ကြားရတဲ့အခါမှာ လက်တွေ့ရော ၊ စာတွေ့ရော ပေါင်းလိုက်တဲ့အတွက်ကြောင့် ကိုယ်မသိသေးတဲ့ အရာတွေကိုလည်း သိခွင့်ရခဲ့ တဲ့ ကျေးဇူးတင်ပါတယ်။ လာရာက်ကြည့်ရှု့လို့ရအောင် စီစဉ်ပေးတဲ့ အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီမှာ လိုပြပြီး နားလည်းအောင်ရှင်ပြပေးတဲ့ တာဝန်ရှိသူ အားလုံးကို လည်း ကျေးဇူးတင်ပါတယ်ရှင့်။




