မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ခရီးသည်တင်အမြန်ရေယာဉ်တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်
နေပြည်တော်၊ ၂၀၂၆၊ ဩဂုတ် ၁၉ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှတပ်ဖွဲ့ဝင်များသည် မီးပြကျွန်း၏အရှေ့ဘက် ရေမိုင် ၀.၄ မိုင်ခန့် အကွာတွင် Tri Star 3 အမည်ရှိ ခရီးသည်တင်အမြန်ရေယာဉ်တစ်စီး ရေဝင်နစ်မြုပ် နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ခရီးသည်တင် အမြန်ရေယာဉ်တစ်စီးအားတွေ့ရှိခဲ့ပြီး ရေယာဉ်ပေါ်တွင်လိုက်ပါလာသော ရေယာဉ် အမှုထမ်း ၁ ဦးနှင့် ခရီးသည် ၁၉ ဦးအား စစ်ရေယာဉ်ပေါ် သို့တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာ များထောက်ပံ့၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

