‎ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်လေ့လာ

Wednesday, August 19, 2026 - 11:30

‎ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်လေ့လာ

‎နေပြည်တော်  ဩဂုတ်  ၁၉

‎        နိုင်ငံတော်၏အနာဂတ်ကြယ်ပွင့်လေးများဖြစ်ကြသော မျိုးဆက်သစ် ကျောင်းသား လူငယ်‌မောင်မယ်များကို ကျောင်းတက်ချိန် ကျောင်းပြင်ပဗဟုသုတရရှိ‌စေရန် လေ့လာရေးအဖြစ် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့် တပ်မတော်၏ စီစဉ်ဆောင်ရွက် ပေးမှုဖြင့်  ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်း‌ကြောင်းများ ကိုသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ တပ်မတော်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တည်ဆောက်မှုများ၊ တီထွင် ဆန်းသစ်မှုများကို ကြည့်ရှုလေ့လာပြီး အနာဂတ်ရည်မှန်းချက်များ ပေါ်ထွက်လာစေရန်၊ တပ်မတော်အကြီးအကဲများ၏ နိုင်ငံတော်နှင့်တပ်မတော်အပေါ်ထားရှိသောစေတနာနှင့် နိုင်ငံတော်ရှေ့ဆက်သွားမည့် ရည်မှန်းချက်များကိုသိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး အားကျအတုယူလိုသည့်စိတ်များဖြစ်ပေါ်လာစေရန်၊ တပ်မတော်၏ သမိုင်းဝင် စစ်လက်နက်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစား မှုအတွေ့အကြုံများရရှိစေရန်၊ သင်ရိုးညွှန်းတမ်းပါသင် ခန်းစာများကို အထောက်အကူပြု စေရန်၊ ကျောင်းသားတစ်ဦးချင်းစီ၏ ပြင်ပလေ့လာမှတ်သားနာယူမှုစွမ်းရည် ကိုတိုးတက်စေရန်နှင့်သဘာဝပတ်ဝန်းကျင်ရှုခင်းများကိုကြည့်ရှုပြီးစိတ်ကိုကြည်လင်လန်းဆန်းစေရန်စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့စီစဉ် ဆောင်ရွက်ပေးမှုကြောင့်ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အ‌ခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ရွှေသင်ဖြူး) မှကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည်  ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည် တော်)သို့လာရောက်လေ့လာကြသည်။

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားရာ  စစ်သမိုင်းပြတိုက်အတွင်းရှိရှေးမြန်မာမင်းများ အသုံးပြု သည့်ပစ္စည်းများ၊ ရှေး‌မြန်မာမင်းများ၏ စစ်အင်္ဂါလေးပါဖြင့် စစ်ထွက်တော်မူပုံပြသ ထားရှိမှုများ၊ ရှေးခေတ်မြန်မာ့တပ်မတော်သုံးပစ္စည်းများ၊ လွတ်လပ်ရေးရရှိခဲ့ပြီး ပထမဆုံးလွှင့်ထူခဲ့သော နိုင်ငံအလံနှင့် သမိုင်း‌ကြောင်းများအကြောင်း၊ အမြင်ဆုံး ဘွဲ့တံဆိပ်အောင်ဆန်းသူရိရဘွဲ့တံဆိပ်ရရှိခဲ့သူများ၏အကြောင်းများ၊ ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ဓာတ်ပုံများနှင့် ရုပ်တုများကိုလည်းကောင်း၊ တပ်မတော် (ရေ) ပြခန်းတွင်ရှေးခေတ် မြန်မာ့ရေတပ်၊ ဂျပန်ခေတ်မြန်မာ့ရေ တပ်မတော်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ်မှတ်တမ်းဓာတ်ပုံများ ခေတ်အဆက်ဆက်တပ်မတော် (ရေ)၏သမိုင်းမှတ်တမ်းဓာတ်ပုံများ စစ်ရေယာဉ်ပုံစံငယ် များကိုလည်း‌ကောင်း၊ တပ်မတော် (လေ) ပြခန်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သောကာကွယ်ရေးဦးစီးချုပ်(လေ)များ၏ ဓာတ်ပုံမှတ်တမ်းများ တပ်မတော် (လေ) ၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ တပ်မတော် (လေ) ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ လေသူရဲကောင်းများ မွေးထုတ်ပုံအဆင့်ဆင့် ဓာတ်ပုံမှတ်တမ်းများကို လေ့လာကြပြီး ပြင်ပပြကွက်များအနေဖြင့် တပ်မတော်(ကြည်း) ပြင်ပကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာများ၊ တပ်မတော် (ရေ)ပြင်ပပြကွက်တွင်  စစ်ရေယာဉ်ပုံစံတူများနှင့် အမြောက်များ၊ တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာပြခန်း တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

လေ့လာရေးသွားရောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များ၏ စကားသံ များကိုလည်း ယခုကဲ့သို့ ကြားသိရပါတယ်-

၁။     ကျွန်မကတော့ အလက ခွဲ(ရွှေသင်ဖြူး)ကျောင်းမှာ ပညာသင်ကြားနေသော (Grade-7) ကျောင်းသူ မသင်းယမုံလွင်ဖြစ်ပါတယ်။ တပ်မတော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ကို လေ့လာရတဲ့အတွက် ဗဟုသုတများစွာရရှိပါတယ်။ ပြခန်းလေ့လာပြီးတဲံအခါမှာ ပျော်ရွှင် မှုများစွာရရှိခဲ့ပါတယ်။ အခုလို လေ့လာခွင့်ရရှိအောင် ပြုလုပ်ပေးသော လူကြီးမင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။ ပြတိုက်အတွင်းမှာ ကျွန်မစိတ်ဝင်စားဆံးအရာကတော့ ရေတပ် ပြခန်းဖြစ်ပါတယ်။

၂။     ကျွန်‌တော်ကတော့ အလက ခွဲ(ရွှေသင်ဖြူး)ကျောင်းတွင်ပညာသင်ကြားနေသော (Grade-7)ကျောင်းသား မောင်သူရလင်းဖြစ်ပါတယ်။ တပ်မတော်ကအကြောင်းတွေကို လေ့လာရတဲ့အတွက် ဗဟုသုတအသိပညာတွေလည်းတိုးပွားခဲ့ပါတယ်။ တပ်မတော်စစ်သ မိုင်းပြတိုက်မှာ ကျွန်တော်အလေ့လာချင်ဆုံးနဲ့ စိတ်ဝင်အစားဆုံးအကြောင်းအရာက လေတပ်ပြခန်းဖြစ်ပါတယ်။