Wednesday, August 19, 2026 - 11:30
ကချင်ပြည်နယ်တွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၁၉
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်း တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

