နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဉပဒေဘောင် အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဉပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ နတ်တလင်းမြို့မှ အမျိုးသား ၃ ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား ၈ ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၄ ဦး၊ စုစုပေါင်း PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦး တို့အား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဉပဒေပုဒ်မ များနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 သေနတ် ၃ လက်၊ M-4 သေနတ် ၃ လက်၊ BA-63 သေနတ် ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ၅ ဒသမ ၅၆ မမကျည် ၃၂၂ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၁၄၀ တောင့်၊ ကိုးလုံးကျည် ၁၃ တောင့်နှင့် ကျည်အိမ် ၅ ခု တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၇ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၅၀ ၊ အီနာဂါဗုံးသီး ၁ လုံးအတွက် ဆုကြေးငွေကျပ် ၃ သိန်း၊ လက်ပစ်ဗုံး ၃ လုံး အတွက် ဆုကြေး ငွေကျပ် ၉ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၂၀ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၂ သိန်းစီဖြင့် သိန်း ၄၀ ကျပ်၊ စုစုပေါင်း ဆုကြေးငွေ ၄၀၂ သိန်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ် ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးရာ အလင်းဝင် ရောက်လာသူများ၏ ကိုယ်စား အလင်းဝင်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူ များနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင် ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာ ခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည် လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အလင်းဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းအရင်းက ခေါင်းဆောင် ပိုင်း တွေလည်းမကြိုက်တာ ပါတာပေါ့။ ကြီးနိုင်ငယ်ညှင်းတွေရော ပြီးတော့ သူတို့လုပ် ရပ်တွေ မမှန်တာတွေကြောင်းလည်း ပါပါတယ်။ အလင်းဝင်ဖို့ ဆုံးဖြတ်ချက်ချတာမှာ စိုးရိမ်မှုတော့ရှိ တယ်။ ဖြစ်ပါ့မလားဆိုပြီးတော့ စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမယ့်လည်း ဒီရောက်လာတော့ လည်း အဆင်ပြေပါတယ် အားလုံးက ။ အရင်က တပ်မတော်အပေါ် အမြင်တွေကတော့ အရင် ကတော့ အမြင်တွေမှားခဲ့တာပေါ့။ ရောက်ရှိလာတဲ့အ အချိန်မှာ တွေ့ရတဲ့ အမြင်တွေကတော့ မတူတော့ဘူးပေါ့။ တော်တော်လေးကောင်း ပါတယ်။ မိသားစုနဲ့ ပြန်တွေ့ရတဲ့ အချိန်မှာပျော်တယ်ပေါ့။ ကိုယ့် ဘဝအတွက် ကတော့ အခုခုလောလောဆယ်ကတော့ ရန်ကုန်မှာပဲ အလုပ် လုပ်မယ်လို့ မှန်းထားပါတယ်။ လာခဲ့ပါလို့ အားလုံးကို ၊ အားလုံးက ဒီမှာ အဆင်ပြေပါတယ်လို့ ဖော်ဖော်ရွေရွေပါပဲလို့။
အဲဒီကိုရောက်တာလည်း သိပ်မကြာသေးဘူး သုံးလကျော် လေးလကျော်ပဲရှိသေးတော့ မသိဘူး။ အလင်းမဝင်ခင်က အခြေအနေက စိတ်သောကတွေရောက်တယ်ပေါ့။ အလင်းဝင် ပြီးတဲ့ အချိန်မှာတော့ ကိုယ်ဒီဘက်ကို ရောက်ပြီဆိုတဲ့ အတွေးနဲ့ ပျော်တယ်။ သူတို့က အဲဒီ ဘက်မှာ အစတုန်းက ကိုယ်တွေအလင်းဝင်မယ်လို့ တွေးတော့ အခါကြတော့ သုတို့ကပြော တာ ဒီဘက်မှာ အလင်းဝင်တာပဲဖြစ်ဖြစ် ဖမ်းမိတာပဲ ဖြစ်ဖြစ် သူတတို့က သက်ပစ်တယ်လို့ပဲ ပြောတာ ။ အဲဒီတော့ ကိုယ်က ကြောက်တာပေါ့ ဝင်ဖို့ကို နောက်ပိုင်းကြတော့ ကိုယ့်ဘာသာ ကို ဝင်တာပဲ အပြင်ရောက်ရင် သူ့တို့ဘာသာသူတို့ သက်ချင်လည်း သက်တော့ ကိုယ်ဘာကို ဝင်တာ အဲဒီထဲမှာတော့ မနေချင်တော့ဘူး ဆိုပြီး ထွက်လာတာ။ ဆက်ဆံရေးတွေလည်း ကောင်းပါတယ်။ ဘယ်လိုမှတော့ မနေဘူးပေါ့ ။ ပြောင်းလဲ တာတော့ တော်တော်လေးပြောင်း လည်းလာတယ်။ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ ရမယ်ဆိုတော့ ဝမ်းသာတယ်။ ကိုယ့်ဘဝကို အကောင်းဆုံးတည်ဆောက်သွားမယ်လို့ စိတ်ကူးထားတယ်။ အလင်းဝင်ချင်တဲ့ သူတွေကိုယ် ရော အကုန်လုံးပေါ့နော် ဖိတ်ခေါ် တယ်လို့ ဒီဘက်ကနေပြီးတော့ အလင်းကို အမြန်ဆုံး ဝင်ပေး ပါ။ အဲဘက်မှာကြတော့ နေရတာ ထိုင်ရတာ အဆင်မပြေလို့ပေါ့နော်။
နေခဲ့တဲ့ နေရာမှာက ဘဝအတွက်တိုးတက်မှုလည်း ဘာမှမရှိဘူး ဒုက္ခပေါင်း များစွာနဲ့ လည်း ကြုံရတယ်။ အမြင်မကျယ်တော့ဘူး။ တောထဲတောင်ထဲမှာ ဒုက္ခခံ ရတာ ကလွဲရင်ဘာမှ ကိုယ့်ဘဝအတွက်လည်း တိုးတက်မှုမရှိဘူး။ အလင်းမဝင်ခင် ကတော့ ဒုက္ခပေါင်းများစွာနဲ့ ကိုယ့်ဘဝက အမှောင်ကျနေသလိုပေါ့နော် ။ အခုအလင်း ဝင်ပြီးတော့လည်း ကိုယ့်မိဘစီ ပြန်ရောက်တော့ ကိုယ့်ဘဝ တိုးတက်မှုတွေအများကြီး ရှိမယ်ပေါ့နော် ။ အလင်းဝင်ဆုံးဖြတ် ချက် ချတဲ့အချိန်မှာ ပထမက ရှေ့တန်းကနေ ပြီးတော့ သူငယ်ချင်းတွေစီရောက်သွားခဲ့တယ်။ ရောက်သွားတော့ အဆက်အသွယ် တွေကလည်း မရဘူး ။ အဆက်အသွယ်မရတော့ သူတို့နဲ့ လိုက်ပြီး ချိတ်ဆက်တယ်။ ချိတ်ဆက်တော့ မိသွားလို့ရှိရင်လည်း သူတို့သက်မှာကို ကြောက်ရ သေးတယ်ဗျ။ ပထမတုံးကတော့ လူငယ်ဆိုတော့ အဲလောက်လည်း တပ်မတော်နဲ့ ပတ်သက် တဲ့ အရာတွေမှန်သမျှလည်း သိမ့်မသိဘူးပေါ့နော် ။ ကိုယ့်အပေါင်းအသင်းတွေနဲ့ ချိတ်ဆက် မှု ရပြီးတော့၊ ပါသွားခဲ့တော့ ၊ ခုပြန်ရောက်လာတော့ အများကြီး နိုင်ငံတော်အပေါ် တပ်မတော်က ကောင်းကျိုးတွေအများကြီး ရှိတယ်။ ပီတိဖြစ်တာပေါ့နော် ။ ပျော်လည်း ပျော်တယ် မိသားစုနဲ့ ပြန်တွေ့ရတော့ ။ အလင်းဝင်ရောက်လာပြီးတော့ အကောင်းဆုံးဝါသနာနဲ့ အလုပ် နဲ့ ထပ်တူကြတဲ့ အရာကိုပဲ ရွေးချယ်ပြီးတော့ အကောင်းဆုံး ကြိုးစားမယ်ပေါ့။ ကိုယ့်ဘဝတိုး တက်အောင် ကြိုးစားမယ်။

