ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ငဝန်မြစ် ရေကာတာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံဖြစ်ပွားမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၈
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ် သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ် တို့ရှိကျေး ရွာများ၌ ရေဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ကူညီကယ် ဆယ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှုကြောင့်ရေကျော်စီးဝင်၍ ရေကြီးရေလျှံ မှုများ ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ ကူညီကယ်ဆယ်ရေး၊ တာတမံပြုပြင်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှု ကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံဖြစ်ပွားမှုဆိုင်ရာများနှင့် တာတမံ၏ သမိုင်း ကြောင်းဆိုင်ရာများ၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ တာမိုင် ၂၅/၃ အနီး တာအိ တာလျှော ဖြစ်ပွားမှုနှင့် သဲဗွက်ဖြစ်ပွားမှုအခြေအနေများ၊ လူနေရပ်ကွက်များ၊ အခြေခံ ပညာကျောင်း များအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ ရေကြီးရေလျှံမှုစတင်ဖြစ် ပွားချိန်မှစ၍ ဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရေး၊ စားရေ ရိက္ခာများ ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေ တိုက်စားပြိုကျမှုမှ ကာကွယ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ပြည် သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိမှု နှင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လာ ရောက်ကြသည့် ပရဟိတကားများအတွက် စက်သုံးဆီများ ဖြန့်ဖြူးဆောင်ရွက်ထားရှိမှု၊ ကျုံပျော်မြို့နယ်အတွင်း ရေဝင်ရောက်လာ နိုင်မည့်ကျေးရွာများအား ရေဘေးရှောင် စခန်းများသို့ ကြိုတင်ပြောင်းရွှေ့ပေးနိုင်ရေး အစီအမံရေးဆွဲထားရှိမှု၊ ရေကျသွားသည့် နေရာများမှ စာသင်ကျောင်းများ သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ရေများ ပြန်လည်ကျဆင်းလျက်ရှိမှုနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေငံဝင်ရောက်သည့် မြစ်ကြီးများနှင့် ရေငံဝင်ရောက် မှုအခြေအနေများ၊ ရေငံဝင်ရောက်မှုကာကွယ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမြထွန်းဦး၊ ဦးမျိုးသန့် ၊ ဒေါက်တာ စိုးဝင်း နှင့် တာဝန်ရှိသူများက တမံကျိုးပေါက်မှုဖြစ်စဉ် စတင်ခဲ့သည့် ဇူလိုင်လ(၃၁)ရက်နေ့မှစပြီး ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ ပြည်ထောင်စုဝန်ကြီးဌာနတာဝန်ရှိသူ များ၊ ဒေသခံပြည်သူများ၊ စေတနာလုပ်အားရှင်များ စုပေါင်းပြီး ထုတ်တန်းရိုက်၊ ဝါးထရံ ကာခြင်း၊ Geobag ချခြင်း၊ ကရိန်းရေယာဉ်ဖြင့် ရေဝင်လမ်းအထက်၌ သဲအိတ်ချခြင်း၊ သံခွံCB တွဲဖြင့် သဲဖြည့်မြုတ်ချပြီး ရေဝင်ထိန်းကာကွယ်ခြင်း၊ ပန်းတာ၏ ဘယ်ညာတို့ တွင် သဲအိတ်ချ ပိတ်ခြင်းစသည်တို့ကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိမှု၊ရေဘေး သင့်ဒေသများတွင် လှုပ်ရှားဆေးအဖွဲ့များဖြင့် အချိန်နှင့်တပြေးညီ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးလျက်ရှိမှု၊ သောက်သုံးရေနှင့် ကျန်းမာရေးနှင့် အညီ သန့်ရှင်းသည့် အစားအသောက်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ လိုအပ် သည့်ဆေးဝါးနှင့် ဆေးပစ္စည်း များ လုံလောက်စွာရရှိရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ရေဝင်နစ်မြုပ်ခဲ့သည့် စိုက်ပျိုးလယ်ယာ များအားစစ်ဆေး၍ ပြန်လည်စိုက်ပျိုးရန် လို အပ်သည့် စပါးစိုက်ခင်းများ၌ စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး စပါးမျိုးများ စုဆောင်းထားရှိမှုနှင့် အခြားလိုအပ် သည်များကို ပြင်ဆင်စီမံဆောင်ရွက် ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် စက်ယန္တရားများပြင်ဆင် ထားရှိမှု၊ တောင်သူများအနေဖြင့် ရေကျသွားချိန်တွင် အချိန်မီစိုက် ပျိုးနိုင်ရေး မြေပြုပြင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင် ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ တာတမံများပြန်လည် ပြင်ဆင်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လျက်ရှိမှု နှင့် ရေပြန် လည်ကျဆင်းသွားသည့်အချိန်တွင် ရထားလမ်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အပါအဝင် ပို့ဆောင်ရေးလုပ်ငန်းများမူလအတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရေး စီမံထား ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ဖြည့်စွက်မှာကြား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မူလကမ်းရင်းတာနှင့် ငဝန် တာ(မြစ်ကျိုးပန်းတာ) တို့တည်ဆောက်ခဲ့မှုနှင့် ပြုပြင်ထိန်းသိမ်းခဲ့မှုအခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်ကတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့မှုအခြေအနေများ၊ ယခုရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ များ၊ ရေဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသည့် ဒေသများရှိ ပြည်သူများ၏ တစ်ကိုယ်ရည်ကျန်းမာရေးနှင့် သန့်ရှင်းသောသောက်သုံးရေများ လုံ လောက်စွာရရှိရန် လိုကြောင်း၊ ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအား ပြန်လည်စိုက်ပျိုးသွား မည်ဆိုပါကလည်း အောင်ရေရှိအောင်ဆောင်ရွက် သွား ရန်လိုကြောင်း၊ စပါးပြန်လည်စိုက် ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြား သီးနှံ များကို စိုက်ပျိုးသွားကြရန်လိုကြောင်း၊ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့် ယန္တရားများကို ကြိုတင်ရွှေ့ပြောင်းထားရန်နှင့် လိုအပ်သည့် စက်သုံးဆီများကိုလည်း ကြိုတင်စုပုံထားရှိသွားရန်လိုကြောင်း၊ တမံနိမ့်ကျ ပျက်စီးသွားသည့်နေရာအား ယာယီ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးအောင် ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်လို ကြောင်း၊ ရေကြီးရေလျှံမှု အချိန်ကာလကြာမြင့်နေမည်ဆိုပါက လူများ၏နေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် ထိခိုက်မှုများ ပိုမိုများပြားစေမည်ဖြစ်သဖြင့် ရေကျော်စီး ဝင်ခဲ့သည့်ရေများ အမြန်ပြန်လည်ကျဆင်းနိုင်ရေး ရေဆင်းလမ်းကြောင်းများစနစ်တကျ ဆောင်ရွက်သွား ရန်လိုကြောင်း၊ ယခုမိုးရာသီကာလအတွင်း တာတမံမြေနိမ့်ကျမှုများ ထပ်မံမဖြစ်ပေါ် စေရေးအတွက်လည်း လိုအပ်သည့် မြေပြင်ကွင်းဆင်းစစ်ဆေး တိုင်းတာ ခြင်းလုပ်ငန်း များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။
သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရေးနှင့် ပထဝီဝင်အနေအထားအရ ပေးအပ်ထားသည့် အရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်ရေး
ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မကြာသေးမီ ကာလအတွင်းက ငဝန်ရေကာတာနိမ့်ကျ၍ ရေကျော်စီးဝင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လူသားတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲ၍ မရနိုင် သော်လည်း လူတို့၏လုပ်ဆောင်ချက်များဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း များကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာရပါကလည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မည်ကဲ့သို့ အဆင့်အလိုက်ဆောင်ရွက်ရမည်ကိုလည်း သိရှိနားလည်ကြ ရန်လို ကြောင်း၊ မိမိယခုလာရောက်ခဲ့ခြင်းသည်လည်း ယခုကြုံတွေ့နေရသည့် သဘာဝ ဘေးဒဏ် ကိုကျော်လွှားနိုင်ရေး မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို၍ လာရောက် ကြည့်ရှုစစ်ဆေးခြင်း ပင်ဖြစ်ကြောင်း၊ မြစ်များ၊ မြစ်လက်တက်များ၊ ချောင်းများ အားလုံး ၏ ရေစီးရေလာမှုနှင့် ရေဝင်ရေထွက်မှုများ၊ မြစ်ကြမ်းခင်း Bed level များအား စဉ် ဆက်မပြတ် သုတေသန ပြုမှတ်တမ်းတင်ခြင်း၊ ဆန်းစစ်လေ့လာခြင်း၊ လိုအပ်သည့် ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်း နှင့် နုန်းဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည်ဖြင့်ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ဖြစ်ပွားမှုကို ကြိုတင်တားဆီး ကာကွယ်လျှော့ချခြင်းများ ဆောင်ရွက် နိုင်ကြောင်း၊ သို့ဖြစ်၍ ဆည်မြောင်းနှင့် ရေအရင်းအမြစ်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူ များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျစဉ်ဆက်မပြတ်လေ့လာဆန်း သစ်သုံးသပ် စောင့်ကြည့် ဆောင်ရွက် နေကြရန်လိုကြောင်း။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ် နိုင်ရန်နှင့် မြစ်အထက်ပိုင်းမှ စီးဆင်းလာသည့် ရေများအားလုံး လူနေထိုင်ရာနေရာများ သို့ဝင်ရောက်မှုမရှိဘဲ ရေစီးကြောင်းအတိုင်းစီးဆင်းသွားနိုင်ရေး စနစ်တကျ သုတေသန ပြုဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မြစ်ချောင်းများ၏ မြစ်ကြမ်းခင်း Bed Level များ ကို စောင့်ကြည့်ပြုပြင် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက ရေငံဝင်ရောက်မှုများကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရေငံဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်း များကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ရေငံတားတာများတည်ဆောက်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ၌ Low Head Dam များဆောက်လုပ်ခြင်းဖြင့်လည်း ရေငံဝင်ရောက်မှုကို လျှော့ချနိုင်ကြောင်း၊ မြေအနိမ့် အမြင့်အပေါ်မူတည်၍ အပိုင်းလိုက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ငွေကြေးကုန်ကျမှုများပြားနိုင်သော်လည်း ရေရှည်တွင် ပြန်လည်ရရှိမည့်အကျိုးကျေးဇူးများကိုကြည့် ၍ စနစ်တကျတွက်ချက်ကာ အကောင်အထည် ဖော်ဆောင်ရွက်သွားရန်လိုကြောင်း။
ပုသိမ်မြစ်နှင့်ပတ်သက်၍ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့ သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့ကြောင်း၊ ယခုအခါ Bed Level များမြင့်တက်လာမှု ကြောင့် သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းမှတစ်ဆင့် သင်္ဘော ကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်ကြောင်း၊ အလားတူ ပြည်တွင်းအတွက်လိုအပ်သည့် ပစ္စည်း များကို ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်းကြောင့် မိမိတို့နိုင်ငံ၏ ဒုတိယဆိပ် ကမ်းမြို့အဖြစ်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သဘာဝမှပေးထားသည့် မြေနှင့် ရေကို အကျိုးရှိရှိ အသုံးချ နိုင်မည်ဆိုပါက အကျိုးကျေးဇူးများစွာရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အဖိုးတန် ရေချိုကို အကျိုးရှိအောင်သုံးစွဲနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ စိုက်ပျိုးမြေနေရာများသို့ ရေငန်များ ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြစ်များအတွင်း သွားလာရေးအတွက် အသုံးပြုနိုင်သကဲ့သို့ မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ စိုက်ပျိုးရေးအတွက် လိုအပ် သည့် ရေချိုများရရှိရေး ဆောင်ရွက်ရာတွင် မြစ်ချောင်းများအတွင်း ရေငံ ဝင် ရောက်မှုများ မရှိအောင် စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေချိုများရရှိ စေရေး နွေရာသီ ကာလတွင်နေရောင်ခြည်စွမ်းအင်သုံး လျှစ်စစ်မြစ်ရေတင် လုပ်ငန်းများ ဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက် နိုင်သည်များရှိသကဲ့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခြင်းနှင့် တောင်သူ များအနေဖြင့် သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်၍ရကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် မိမိတို့နိုင်ငံ၏ GDP မြင့်မားသည့် တိုင်းဒေသကြီး ၆ ခုတွင် အမြင့်ဆုံး တွင်ရှိကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိပြီးဖြစ်သည့် မြေခံရေခံ ကောင်းများကို အသုံးချ၍ GDP တိုးတက်မြင့်မားအောင်ဆောင်ရွက်ပြီး ဒေသ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
လူသားအရင်းအမြစ်လိုအပ်ချက်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာတတ်လူသားအရင်းအမြစ်များ လုံလောက်စွာရှိပြီးဖြစ်သဖြင့် လူသားအရင်းအမြစ် များကို အရည်အသွေးပိုမိုမြင့်မားလာစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကမ္ဘာ ပေါ်ရှိဖွံ့ဖြိုးသည့်နိုင်ငံများသည် ပညာတတ်များ ပေါကြွယ်ဝသည့်နိုင်ငံများဖြစ်ကြ ကြောင်း၊ ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လို သဖြင့် ပညာရေးကိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဆယ်စုနှစ်များအလိုက် ပညာရည်မှတ်တမ်းများအား ပြန်လည်သုံးသပ်ကြည့်ရှုရာတွင် မိမိတို့နိုင်ငံ၏ပညာရေး ကဏ္ဍတွင် အားနည်းမှုများရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ အနေဖြင့် နိုင်တော်၏ပညာရေးကဏ္ဍမြင့်မားစေရေး KG+9 အထိ မသင်မနေရစနစ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာအလယ်တန်းအဆင့်ကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက အထက်တန်းအဆင့်သို့ ဆက်လက် အဆင့်မြှင့် တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေခံ၊ မြေခံ ကောင်းများရှိပြီးဖြစ်သဖြင့် အဆိုပါရေခံမြေခံကောင်း များကိုအသုံးချနိုင်ရန်အတွက် ပညာတတ်လူသားအရင်းအမြစ်များကိုမဖြစ်မနေ မွေးထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွား မည်ဆိုပါက နိုင်ငံအတွင်း ထိပ်တန်း အဆင့်တွင်ရှိသည့် တိုင်းဒေသကြီးတစ်ခုအဖြစ်သို့ ရောက်ရှိ လာနိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှလည်း အဘက်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်း နေထိုင်ကြသူများကလည်း ကြိုးစား၍ဒေသ တိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရာတွင် မိမိတို့ဒေသ အလိုက် ပထဝီဝင်အနေအထားအရ ပေးအပ်ထားသည့် အရင်းအမြစ်များအား အကျိုး ရှိစွာ အသုံးချနိုင်ရေးတို့နှင့်ပတ်သက်၍ သာမာန်အားဖြင့် စဉ်းစားဆောင်ရွက်၍ မရဘဲ အမြင်ကျယ်ကျယ်နှင့် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်မှ မူဝါဒချမှတ် တွန်းအားပေး၍ ဆောင်ရွက်ခြင်းမျိုး မဖြစ်စေလိုဘဲ မိမိတို့ တာဝန်ယူထားရသည့်ဒေသအလိုက် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကောင်းရာကောင်းကျိုးများကို လုပ်၍ ရသည့်နည်းလမ်းများဖြင့် စေတနာထားကြိုးပမ်းဆောင်ရွက်၍ ဒေသနှင့် နိုင်ငံ၏အကျိုးကို ဖော်ဆောင်သွားကြ ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့အား ရဟတ် ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)







