Sunday, August 9, 2026 - 09:00
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ မြောက်ဘက် (၈)မိုင်ခန့်အကွာ ရှိ ကိုးပင်ရေလှောင်တမံ၏ ရေပိုလွှဲမြေထိန်းနံရံများအတွင်းရှိမြေများအား ရေလှိုက်စားကာ မြေထိန်းနံရံ ကျိုးပေါက်ပြီး ရေကြီးရေလျှံမှုမရှိစေရေးအတွက် ဩဂုတ် ၆ ရက် နေ့ နေလယ်ပိုင်းမှစတင်၍ ရွှေဘိုတပ်နယ်မှတာဝန်ရှိသူများ၊ အရာရှိ၊စစ်သည်များဖြင့် မြေထိန်းနံရံအတွင်းသို့ အားဖြည့်သဲအိတ်များနှင့် မြေစာအိတ်များ ဖြည့်တင်းရေးလုပ်ငန်း များဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသတင်းရရှိသည်။

