လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ  ကျိုးပေါက်၍ လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့  ရေဝင်ရောက်မှုဖြစ်ပွား ခဲ့သဖြင့်   ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ​​​​​​​

Tuesday, August 4, 2026 - 09:45

လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ  ကျိုးပေါက်၍ လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့  ရေဝင်ရောက်မှုဖြစ်ပွား ခဲ့သဖြင့်   ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ ဩဂုတ်လ ၃ ရက်

        ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ် ရေကာတာ ကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ်ရပ်ကွက်(၅)ခု၊ မြို့တွင်း လမ်းမကြီး များနှင့် ပတ်ဝန်းကျင်ကျေးရွာ ၅၁ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့်   လူနေအိမ်များ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးသင့် ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်း များအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ ဆောင်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များ၊ ပရဟိတအဖွဲ့ များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့် ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်ပေးလျက်ရှိ သည်။

          ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးပြီး ရေဘေး သင့်ပြည်သူများအတွက် စာသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည် များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရှိကြောင်း သတင်းရရှိသည်။