နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA ၊ KNU ၊ AA ၊ ABSDF ၊ SAF နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ မှ အဖွဲ့ဝင် အမျိုးသား ၂၈၀ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၀၃ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ
နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၁
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA ၊ KNU ၊ AA ၊ ABSDF ၊ SAF နှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များနှင့် အကြမ်းဖက်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၂၈၀ ဦးနှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၃၀၃ ဦးတို့သည် ဉပဒေ ဘောင်အတွင်းသို့ ထပ်မံ ဝင်ရောက်လာကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြား သည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် MA -1 အမျိုးအစား သေနတ် ၂ လက်၊ MA -2 အမျိုးအစား သေနတ် ၁ လက်၊ MA -3 အမျိုးအစား သေနတ် ၁ လက်၊ MA -4 အမျိုးအစား သေနတ် ၁ လက်၊ M-22 အမျိုးအစား သေနတ် ၁ လက်၊ Type 81 အမျိုးအစား သေနတ် ၂ လက်၊ ပွိုင့် ၂၂ စနိုက်ပါ အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၀ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ခု၊ ကျည်မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် သေနတ် ၉ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၄၅၀၊ လက်လုပ်သေနတ် ၁ လက် အတွက် ဆုကြေးငွေကျပ် ၅ သိန်း၊ လက်ပစ်ဗုံး ၁၀လုံးအတွက် ဆုကြေး ငွေကျပ် သိန်း ၃၀၊ ဗုံးသီး ၁၂ လုံးအတွက် ဆုကြေးငွေကျပ် ၃၆ သိန်းနှင့် လက်နက်မပါဘဲ ဥပဒေဘောင်အတွင်း ရောက်လာသူများအတွက် ငွေကျပ်သိန်း ၂၉၁ ၊ စုစုပေါင်း ဆုကြေးငွေ ကျပ် ၇၈၂ သိန်းနှင့် စာသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူ များကလက်ခံရယူကြသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်း သူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။
ယနေ့အခမ်းအနားများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၄)ဦး၊ မဟာ အောင်မြေမြို့နယ်မှ အမျိုးသား(၂)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား (၄၃)ဦး၊ အမျိုးသမီး(၈)ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား(၂)ဦး၊ ပုသိမ်ကြီး မြို့နယ်မှ အမျိုးသား(၂)ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၂)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၂)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၉)ဦး၊ အမျိုးသမီး (၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၃)ဦး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား(၂)ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား (၈၇)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၃၆)ဦး၊ အမျိုးသမီး(၂)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး (၄)ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား(၄)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား (၁)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁)ဦး၊ တောင်သာမြို့နယ်မှ အမျိုးသား(၂)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား(၁၂)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား (၅)ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသား(၆)ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား(၃)ဦး၊ မင်းလှမြို့နယ်မှ အမျိုးသား(၂)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား (၁)ဦး၊ ပခုက္ကူ မြို့နယ်မှ အမျိုးသား(၂၁)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း အမျိုးသား (၂၈၀)ဦးနှင့် အမျိုးသမီး (၂၃)ဦး၊ စုစုပေါင်း (၃၀၃)ဦး ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။


