တပ်မတော်စစ်ကြောင်းများက အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းမှ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကလေး - တမူး ဆက်သွယ်ရေး လမ်းကြောင်းနှင့် ကလေးဝ-ယာကြီး-မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းများအား နိုင်ငံတော်

Saturday, August 1, 2026 - 08:30

တပ်မတော်စစ်ကြောင်းများက အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းမှ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကလေး - တမူး ဆက်သွယ်ရေး လမ်းကြောင်းနှင့် ကလေးဝ-ယာကြီး-မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းများအား နိုင်ငံတော်အစိုးရ၏ တာဝန် ထမ်းဆောင်မှု ရက်(၁၀၀)ပြည့်မြောက်သည့်ယနေ့တွင် အောင်မြင်စွာပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်

 

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် - ၃၁

 

တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထု အေးချမ်း စွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် လည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အိန္ဒိယနိုင်ငံ၊ မိုရ်ရေးမြို့မှ မြန်မာနိုင်ငံကို ဖြတ်ကျော် ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ၁၄၀၀ ကီလိုမီတာ (၈၄၅) မိုင်ရှည်လျားမည့် သုံးနိုင်ငံနယ်စပ်ဖြတ်ကျော် လမ်းမကြီးစီမံကိန်းအား ရာနှုန်းပြည့် ပြီးစီးရေးအတွက် ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဦးစားပေး ဆောင်ရွက်လျက်ရှိရာ အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းမှ လမ်းပိုင်း များဖြစ်သော အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထိန်းချုပ်ထားသည့် ကလေးဝ- ယာကြီး- မုံရွာ လမ်းကြောင်းတစ်လျှောက်အား ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက် တွင်လည်းကောင်း နိုင်ငံတော်အစိုးရ၏ တာဝန်ထမ်းဆောင်မှု ရက်(၁၀၀) ပြည့်မြောက် သည့် ယနေ့တွင်လည်း ကလေး- တမူးလမ်းကြောင်းတစ်လျှောက်ကို လည်းကောင်း အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည့်အတွက် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းကြီးအား အလုံးစုံ ပြန်လည်အသုံးပြုသွားလာနိုင်တော့မည်ဖြစ်သည်။

အဆိုပါ ကလေး- တမူးလမ်းကြောင်းနှင့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်း များသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသကို အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက် ပေးသည့် အရေးပါသော ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းများဖြစ်ပြီး ဒေသတွင်း သယ်ယူ ပို့ဆောင်ရေးသာမက နယ်စပ်ကုန်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှုတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သော လမ်းကြောင်းများဖြစ်သည်။ အဆိုပါ လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်စည်များအား ပြည်ပနိုင်ငံများသို့ ပို့ဆောင်ခြင်းနှင့် ပြည်ပနိုင်ငံများမှ ကုန်စည်များကိုလည်း မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်တင်သွင်းခြင်းများကို လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူ ဖြစ်စေရုံသာမက လမ်းကြောင်း၏တည်ရှိမှုသည် ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း အကျိုးပြုသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

ထိုသို့ ဒေသအဆင့်သာမက နိုင်ငံအဆင့်စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍများ တွင် အရေးပါသည့် ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းနှင့် ကလေး- တမူး လမ်းကြောင်းများအား NUG၊ CRPH အကြမ်းဖက်အဖွဲ့များ၏စေခိုင်းမှုဖြင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ်မှစတင်၍ ယာယီစိုးမိုး ပိတ်ဆို့ကာ အဆိုပါလမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် ကုန်တင်ယာဉ်များ နှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြရာ ကုန်စည်သယ်ယူပို့ဆောင်ရေးများ နှောင့်နှေး၍ နယ်စပ်ကုန်သွယ်ရေး လျော့ကျလာပြီး ဒေသတွင်း စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ ပြတ်လပ်ကာ ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ခရီးသွား လာမှု ကန့်သတ်ချက်များနှင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ လမ်းကြောင်းပိတ်ဆို့မှုများကြောင့် အဆိုပါဒေသ အတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးအခက်အခဲများ၊ ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတွင် အဟန့်အတားများဖြစ်ပေါ်မှုနှင့် စီးပွားရေးကျဆင်းလာမှုတို့ကြောင့် ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝများ တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူ များက ယာယီစိုးမိုးထားသော ကလေး-တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် ဆက်စပ် နေသည့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား ဦးစွာ ပြန်လည် ထိန်းချုပ်ဖွင့်လှစ် နိုင်ရေးအတွက် လိုအပ်သည့်စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ စ၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၇ ရက်တွင် အဆိုပါ လမ်းပိုင်းအား အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သမားများ ယာယီ စိုးမိုးထားသော ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့်  ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် အဆိုပါဒေသများအား ပြန်လည်ထိန်းချုပ်ဖွင့် လှစ်နိုင်ရေး အတွက် လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံ ရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့မှစပြီး ဟန်ချက်ညီညီ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့ရာ တမူးမြို့ ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ဇွန်လ ၁၀ ရက်နေ့တွင် နန်းမွတ်တားကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာ တို့အား သိမ်းပိုက်ရရှိခဲ့ပြီး ရန်လင်းဖိုင် ကျေးရွာနှင့်အဆိုပါ ဒေသတစ်ဝိုက်တွင် အထောက်အကူပြုဖြတ်တောက် ပိတ်ဆို့၍ ရန်သူကို ရင်ဆိုင်ထိန်းချုပ်ထားခဲ့သည်။ ကလေးမြို့မှ ချီတက်လာသော  တပ်မတော် စစ်ကြောင်းသည်လည်း ဇွန်လ ၁၀ ရက်တွင် အရှေ့ခုံသာ ကျေးရွာ၊ ၅၆ မိုင် ကျေးရွာ၊ ၅၅ မိုင်ကျေးရွာတို့အားလည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မျဉ်းအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုနေထိုင်သည့် အခိုင်အမာ တည်ဆောက်ထားသော စခန်းအားလည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ရာဇဂြိုဟ် ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၄ ရက်တွင် ရာဇဂြိုဟ်ရေလှောင်တမံအား လည်းကောင်း၊ ဇွန်လ ၁၅ ရက်တွင် ရန်မျိုးအောင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၆ ရက်တွင် စော်ဘွားရေရှင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၇ ရက်တွင် ကျွန်းတော ရေရှင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၉ ရက်တွင် ခွန်နိုင်းကျေးရွာနှင့် နန်းခေါက် ခေါက်ကျေးရွာတို့အားလည်းကောင်း၊  ဇွန်လ ၂၀ ရက်တွင် ခါမ်းပါတ်မြို့ အားလည်းကောင်း၊ ဇွန်လ ၃၀ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာအနီး ရန်သူ့စခန်း နေရာတစ်ခုနှင့် ခါမ်းပါတ်မြို့မြောက်ဘက်ရှိ ကနန်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၂၁ ရက်တွင် ကမ္မကြီး(ချင်း)နှင့် ကမ္မကြီး(ဗမာ)ကျေးရွာများအားလည်းကောင်း၊ ဇူလိုင်လ ၂၇ ရက်တွင် ထင်းဇင်ရွာသစ် နှင့်ရွာဟောင်းတို့အားလည်းကောင်း၊ ဇူလိုင်လ ၂၈ ရက်တွင် ဘုတ်ကန်ကျေးရွာအား လည်းကောင်း၊ ဇူလိုင်လ ၃၀ ရက်တွင် နှစ်ဘက် စစ်ကြောင်းများသည် ဝိတုတ်ကျေးရွာ၊ တီးတိန်ယံကျေးရွာ၊ ရန်တိုင်းအောင်ကျေးရွာနှင့် တွီဘန်ကျေးရွာတို့အား လည်းကောင်း အဆင့်ဆင့် ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင် ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြပြီး နှစ်ဘက်စစ်ကြောင်းများအနေဖြင့် ယနေ့ တွင် ရန်တိုင်းအောင်ကျေးရွာ၌ လက်ချင်းချိတ်ဆက်နိုင်ခဲ့၍ အကြမ်းဖက်သောင်းကျန်း သူများ ယာယီစိုးမိုးထားသော ကလေး-တမူး ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့် အတွက် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့်မုံရွာ-ယာကြီး-ကလေးဝ-ကလေးတမူးလမ်းကြောင်း တစ်လျှောက်အား အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ် နိုင်ပြီဖြစ်သည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ဆက်သွယ်ရေးလမ်းကြောင်း များအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကုန်စည် ပို့ဆောင် သည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော တမူးမြို့မှတစ်ဆင့် ကလေး၊ မုံရွာမြို့နှင့် မန္တလေးမြို့ အထိ စိတ်အေးချမ်း သာလုံခြုံစွာဖြင့် ပုံမှန်အတိုင်းဖြတ်သန်းသွားလာ နိုင်တော့မည် ဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်း ကုန်စည်ပို့ဆောင်မှုများ တွင် အခက်အခဲမရှိ ပြန်လည်အသုံးပြု သွားလာနိုင်တော့ မည်ဖြစ်သည်။

            တပ်မတော်စစ်ကြောင်းများအနေဖြင့်ကလေး-တမူး ဆက်သွယ်ရေးလမ်းကြောင်း အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ အခက်အခဲ အမျိုးမျိုးကြားမှ ရွပ်ရွပ်ချွံချွံဖြင့် အဆင့်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ စစ်ဆင်ရေး ကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ ငယ် စုစုပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အလောင်းများ၊ လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှအရာရှိ၊ စစ်သည် အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ခါမ်းပတ်မြို့အပါအဝင် အဆိုပါ လမ်းကြောင်းတစ်လျှောက်ရှိ မြို့/ရွာများအား ယာယီစိုးမိုးထားစဉ်အတွင်း အများပြည်သူ သွားလားအသုံးပြုလျက်ရှိသည့် နန်းမွတ်တားတံတား၊ ၅၅ မိုင်တံတား၊ ခါမ်းပတ်မြို့အတွင်းရှိ တံတား၊ တွီဘန်တံတားအပါအဝင် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ရာဇဂြိုဟ် ရေလောင်တမံရှိ ရေထိန်းတံခါးများအား ဖျက်ဆီး ခဲ့သဖြင့် ပတ်ဝန်းကျင်ကျေးရွာနေ ပြည်သူများ လျှပ်စစ်မီးမရရှိခြင်း၊ သောက်သုံးရေ ဖူလုံစွာမရရှိခြင်းနှင့် စိုက်ပျိုးရေဖူလုံစွာ မရရှိခဲ့သဖြင့် အခက်အခဲများ များစွာဖြစ်ပေါ်ခဲ့ရ သည်။ ထို့ပြင် လမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများ ကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများ စသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံပြည်သူ များသည် ကုန်စည်များကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူခဲ့ကြရပြီး ဆင်းရဲမှုဒဏ်ကို ခါးသီးစွာ ခံစားနေ ကြရသော် လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါဒေသမှထွက်ရှိသည့် မြေပေါ်၊ မြေအောက် သယံဇာတများ၊ နိုင်ငံတော်မှ ကန့်သတ်ထားသည့် ကုန်စည်များကို ၎င်းတို့ ၏ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် သယ်ယူပို့ဆောင်ခြင်းများမှ အကျိုးအမြတ် များစွာ ရရှိလျက်ရှိသည်။

ထို့ပြင်အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူထုအတွက် ငဲ့ကွက်ခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် မြို့၊ ရွာများတွင် တိုက်ပွဲများ ဖော်ဆောင်ကာ ပြည်သူ လူထု၏နေအိမ်များ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ဌာနဆိုင်ရာအဆောက် အအုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ခန်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံ များအတွင်း သဲအိတ်များစီ၍ ဘန်ကာများပြုလုပ်ထားခြင်း၊ မြို့/ရွာများအတွင် မိုင်းများ ထောင်ခြင်း၊ ခြံဝန်းများအတွင်း ခံစစ်ပစ်ကျင်းများ တူးဖော်၍ အခိုင်အမာခံစစ်ဆင်ကာ စစ်စခန်းများအဖြစ် အသုံးပြုခဲ့သည့် အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့်ကဏ္ဍစုံတွင် အဘက်ဘက်မှ နိမ့်ကျခဲ့ရပြီး အကြမ်းဖက် သောင်းကျန်းသူများ ၏ရက်စက်ယုတ်မာမှုများကို ပြည်သူများအနေဖြင့် ခါးသီးစွာ ခံစားခဲ့ကြရသည်။

ယခုအခါ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး- တမူးလမ်းကြောင်းနှင့် ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည့် အတွက် အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သော အစိုးရဌာနဆိုင်ရာ အဆောက်အအုံ များ၊  ဆည်တမံများ၊ လမ်း၊ တံတားများအား တပ်မတော်သားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် လျှပ်စစ်မီးများရရှိရေး၊  မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ ထို့ပြင် အဆိုပါလမ်း ကြောင်းမှတစ်ဆင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ကာ လူသုံးကုန်၊ စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ အပြန်အလှန် ပြန်လည်စီးဆင်း နိုင်တော့မည်ဖြစ်သဖြင့် ဒေသခံ ပြည်သူများ၏ နေ့စဉ်အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ပြည်သူလူထု၏ခရီးသွား လာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာဝန် ဆောင်မှုများကို ပြန်လည်ဆောင်ရွက် ပေးနိုင်တော့မည် ဖြစ်သည့်အတွက် ဒေသခံပြည်သူများက နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် များစွာကျေးဇူးတင်ဝမ်းမြောက် လျက်ရှိကြောင်း သိရသည်။

               တပ်မတော်စစ်ကြာင်းများအနေဖြင့်   အဆိုပါဒေသများရှိပြည်သူများ ၎င်းတို့၏ မြို့/ရွာများတွင် အမြန်ဆုံး ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက် သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှား ရှင်းလင်း ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ချွတ်ခြုံကျစေသည့် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) ဖြင့် လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။