နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံသားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားများကျင်းပ နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၂၇

Tuesday, July 28, 2026 - 11:15

        နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေ လုံခြုံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံသားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်း အနားကို ယနေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ရှိ နယ်မြေခံ တပ်ဌာနချုပ်၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။

        တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိ စေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်း စစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ‌ဝေးကွာ၍ နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော် သားများအား  တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍ လည်းကောင်း၊ အိုးစည်ဒိုးပတ်အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။

ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးကအောင်ပွဲရ ရှေ့တန်း ပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

        အလားတူ ယနေ့တွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်း သာယာရေး အတွက် နယ်မြေလုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ ပြန်လည်ရောက်ရှိ လာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ များကို မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နှင့် ရေစကြိုမြို့များရှိ နယ်မြေခံတပ်ရင်း များတွင် ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ တပ်နယ်အသီးသီးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းသောင်း ဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။