ဒုတိယသမ္မတ ဦးညိုစော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  လက်ခံတွေ့ဆုံ နေပြည်တော်  ဇူလိုင်   ၂၀

Tuesday, July 21, 2026 - 13:45

ဒုတိယသမ္မတ ဦးညိုစောသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရုံးချုပ်မှ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံ တော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ နှစ်ဖက်ပူး ပေါင်းဆောင်ရွက်ရေးနှင့် နားလည်မှုမြှင့်တင်နိုင်ရေး၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ အစိုးရ၏ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့မှုများ၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာစွာ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့်  မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေး နွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကို ကျော်၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)