ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့  အလုပ်သဘောခရီးရောက်ရှိ နေပြည်တော်   ဇူလိုင်   ၂

Thursday, July 2, 2026 - 04:45

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့  အလုပ်သဘောခရီးရောက်ရှိ

နေပြည်တော်   ဇူလိုင်   ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးလာရောက်သည့် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဦးဆောင် သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသော အထူးလေယာဉ်သည် ယနေ့ည နေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့အား ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၍လည်းကောင်း၊ မြန်မာကလေးငယ်နှစ် ဦးက ပန်းစည်းကမ်း၍လည်းကောင်း ဂုဏ်ပြုကြိုဆိုကြသည်။