ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ် နေပြည်တော်၊  ၂၀၂၆ ဇွန် ၂၉

Monday, June 29, 2026 - 09:00

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

နေပြည်တော်၊  ၂၀၂၆ ဇွန် ၂၉

                နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။

                အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြ သည်။

                ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။

                ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)မှ  နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ----

၁။      ကျွန်တော်ဒီသင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ မိမိနိုင်ငံနဲ့ တိုင်းပြည် အတွက် တာဝန်ကျေပွန်စေချင်တဲ့စိတ်ကြောင့် တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်ကြားပေးမဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အကောင်းဆုံးကြိုးစားသွားမယ်လို့ ပြောကြား ချင်ပါတယ်။ ကျွန်တော်နဲ့တူတူ သင်တန်းတက်ရောက်မယ့် သူငယ်ချင်းတွေကို ပြောကြားချင် တာကတော့ ကျွန်တော်တို့ တပ်မတော်မှာ စိတ်ဓာတ်ကောင်းတာတွေ စည်းကမ်းကောင်းတာ နောက်တစ်ခုက စစ်နည်းဗျူဟာတွေ သင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ ဒီဘဝအတွက် အကျိုးရှိစေမယ့် ရလဒ်တွေကို ရရှိမှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီးတော့ တက်ရောက်သင်ကြားပါလို့ ကျွန်တော်ပြောကြားချင်ပါတယ်။ ကျွန်တော်အခု သင်တန်းကာလ (၃)လ ပြီးဆုံးသွားတဲ့အချိန်မှာ ကျွန်တော် တာဝန်ကျတဲ့ တပ်ရင်းတွေမှာပဲ တပ်မတော်မှပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာနဲ့ ထမ်းဆောင်သွားမှာပါ။

၂။       ကျွန်တော့်ရည်ရွယ်ချက်ကတော့ ကျွန်တော်က မြန်မာနိုင်ငံသားတစ်ယောက်လည်း ဖြစ်တယ်။ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံက ချမှတ် ထားတဲ့ ဒီစည်းကမ်းဥပဒေကို လိုက်နာချင်တဲ့အတွက် ဒီစစ်မှုထမ်းအပတ်စဉ် (၂၆) ကို လာရောက် တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်ဝင်စားတယ်။ စစ်မှုထမ်းတာဝန် ပြီးဆုံးသွားရင်လည်း နောင်လာနောင်သားတွေကို ဒီလိုကောင်းတဲ့ အချက်အလက်လေးတွေ ရှိတယ်ဆိုတာကို ပြန်ပြော ပြသွားချင်တယ်။ ဒါကြောင့် သေချာလေး သင်ကြားဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။