ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံအားပေး နေပြည်တော်၊ ၂၀၂၆ ဇွန် ၂၇

Saturday, June 27, 2026 - 08:45

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံအားပေး

နေပြည်တော်၊ ၂၀၂၆ ဇွန် ၂၇

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆)သို့ တက်ရောက်ကြမည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင်   အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက တပ်နယ်အားကစားရုံ၌  တွေ့ဆုံသည်။

                 ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်း ရတနာများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးက အမှာစကားများ ပြောကြားကြကာ နိုင်ငံ့သားကောင်းရတနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး စကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။