တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကလေး-တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေး နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဇွန်လ ၇ ရက်နေ့မှစတင်၍ စစ်ကြောင်း များအသီးသီးခွဲပြီး ဟန်ချက်ညီညီ ချီတက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရာဇဂြိုလ်ကျေးရွာနှင့် ရာဇဂြိုလ်ရေလှောင်တမံတစ်ဝိုက်အားလည်းကောင်း၊ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းပိုင်ကျေးရွာနှင့် အဆိုပါဒေသ တဝိုက်အား လည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် သတင်းများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါ သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး နယ်မြေ လုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက် လာသော စစ်ကြောင်းသည် ဇွန်လ ၁၅ ရက်တွင် ရန်မျိုးအောင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၆ ရက်တွင် စော်ဘွားရေရှင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၇ ရက်တွင် ကျွန်းတောရေရှင် ကျေးရွာအားလည်းကောင်း အဆင့်ဆင့်ပြန်လည် သိမ်းပိုက်ထပ်မံ ထိန်းချုပ်နိုင်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျေးရွာများအား ယာယီစိုးမိုး ထားစဉ် ကျေးရွာများရှိ ပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ပြည်သူပိုင် အဆောက်အအုံများ၌ သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်၍ လည်း ကောင်း၊ ကျေးရွာများအတွင်း မိုင်းများထောင်ထား၍လည်းကောင်း၊ ခြံဝန်းများအတွင်း ခံစစ်ကျင်းများ တူးဖော်၍ လည်းကောင်း၊ အခိုင်အမာခံစစ်ဆင်၍ စစ်စခန်းများအဖြစ် အသုံးချထားသည်ကို တွေ့ရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ အမြန်ဆုံးပြန်လည်ဝင် ရောက်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကလေး - တမူး ဆက် သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွာဘဝများ အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံ ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။







