ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊တွန်းဇံနှင့် ဖလမ်းမြို့များတွင် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများနှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးလုပ်ငန်းများတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ ပေးအပ်သည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကျောင်းသုံး/ရုံးသုံး ပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြား ကူညီ ထောက်ပံ့ရေးပစ္စည်းများကို ကလေးမြို့မှတစ်ဆင့် မော်တော်ယဉ်များဖြင့် ထပ်မံပို့ ဆောင်ပေးသည်။
အဆိုပါဒေသရှိနိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေး၊ အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးလုပ်ငန်းများ လည်ပတ်နိုင် ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရက ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများ၊ ကျောင်းသုံး/ရုံးသုံး ပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မန္တလေးမြို့တို့မှ တစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ဇွန် ၁၇ ရက်တွင် ကလေးမြို့မှ တစ်ဆင့် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များသို့ မော်တော်ယာဉ် များဖြင့် ဆက်လက်ပို့ ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများနှင့်ကုန်ပစ္စည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တင်ဆောင် လာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသည် ဇွန်လ ၁၇ ရက် ညပိုင်းတွင် တီးတိန်မြို့နှင့် ဖလမ်းမြို့များသို့ လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် တွန်းဇံမြို့သို့လည်း ကောင်း အသီးသီးရောက်ရှိကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ရောက်ရှိလာသည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများနှင့် အခြားထောက်ပံ့ပစ္စည်းများကို ဒေသခံတိုင်းရင်းသား ပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှတဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ကျောင်းသားလူငယ်များ၏ ပညာရေး၊ မြို့ရွာ များပြန်လည်ထူထောင်ရေးနှင့် အခြားသော လိုအပ်ချက်များအတွက် များစွာအထောက် အကူဖြစ်သဖြင့်ဒေသခံတိုင်းရင်းသားပြည်သူများကဝမ်းမြောက်ကျေးဇူးတင်လျက်ရှိကြောင်း နှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်၍ ထပ်မံဖြည့်ဆည်းပေး နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

