နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် PDF  အမည်ခံအဖွဲ့ဝင် အမျိုးသား ၁ ဦး ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် နေပြည်တော်၊ ၂၀၂၆ ဇွန် ၈

Monday, June 8, 2026 - 07:15

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် PDF  အမည်ခံအဖွဲ့ဝင် အမျိုးသား ၁ ဦး ဉပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

နေပြည်တော်၊ ၂၀၂၆ ဇွန် ၈

            နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် AA အဖွဲ့ဝင် အမျိုးသား  ၅ ဦးနှင့် PDF အမည်ခံ ကျောင်းသား လက်ရုံးတပ်(SAF)မှ အမျိုးသား ၁ ဦးတို့သည် ဉပဒေဘောင်အတွင်းသို့  ထပ်မံဝင် ရောက်လာကြသည်။

            ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှအမျိုးသား ၁ ဦး၊ ပေါက်တောမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပုဏ္ဏားကျွန်း    မြို့နယ်မှ အမျိုးသား ၂ ဦး၊ အမ်းမြိုနယ်မှ အမျိုးသား ၁ ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှ အမျိုးသား ၁ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ခန်းမ၌ ပြုလုပ်ရာ  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇော၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက အလင်းဝင် ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသူများအား  ဆုကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ ကိုယ်စား ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည် -

၁။      "ကျွန်တော်ကပေါက်တောမြို့မှာ  နေပါတယ်။ ၁ လပိုင်း ၁ ရက် ၂၀၂၀ ခုနှစ်မှာ AA ထဲကို ရောက်သွားပါတယ်။ ကျွန်တော် ရောက်တဲ့အချိန်မှာ သူတို့တွေဘက်က ပြုမှုဆံဆက်ရိုင်းပျတာတွေ ကျွန်တော်ခံခဲ့ဖူးပါတယ်။ ကောင်းကျိုးဆိုတဲ့ လူမျိုးရေးအတွက် ခေါင်းစဉ်တပ်ပြီး သူတို့ကောင်းစား ရေးအတွက် အလုပ်လုပ်တာတွေကို ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရပါတယ်။ အများအပြားကတော့ လူငယ်ပိုင်း မသက်မပြည့်တဲ့ လူငယ်တွေကို သွေးဆောင်ဖြားယောင်းပြီးတော့ သွင်းထားတာတွေက အများကြီးပါ။ ဘာကြောင့်ဒီလိုအလုပ်ခံရတာလည်း ဆိုတော့ ကျွန်တော်တို့က ငယ်ရွယ်ပြီး အသိဉာဏ်တွေ ဖွံ့ဖြိုးမှုမရှိလို့ ကိုယ်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေကို နောင်လာနောင်သားသမီး လက်အောက်က ညီငယ် ညီမလေးတွေကို သိစေချင်တယ်။ ကိုတို့က တောထဲနေခဲ့ရတာက ပျော်ဖို့ မဟုတ်ပါ။ကိုယ့်ရဲ့ လမ်းစဉ်မှားလားမှန်လား သေသေချာချာ စဉ်စားပြီးမှ မှားမှန်းသိလို့ တပ်မတော် ဥပဒေဘောင်ထဲကို လာပြီး အလင်းဝင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာလည်း ဒီမှာ တစ်စုံတစ်ရာ ကြမ်းတမ်းမှုမရှိပဲနဲ့ နွေးနွေးထွေးထွေးဆက်ဆံပါတယ်။ ဘယ်ကလာတဲ့ ရန်သူ ဖြစ်စေ ဟိတ်ဓာတ်ပိုင်းဆိုင်ရာမွန်မြတ်လို့ ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့တယ်။ လက်အောက် ညီငယ် ညီမငယ်တို့လည်း ကိုယ့်လိုပဲ လာရောက်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အမှားအမှန်ကို သေသေချာချာစဉ်စားပြီး ခွဲခြားသိစေချင်တယ်။ ညီငယ် ညီမငယ်တို့လည်း ဒီကို ရောက်လာချိန်မှာ ဘဝကြီးကို အခက်အခဲတွေနဲ့တွေ့မယ် ထင်တယ်။ နှိပ်စက်မယ် ထင်တယ်။ AA လူကြီးတွေ ပြောထားတဲ့ စကားတွေက ဒီဘက်ကို အလင်းဝင်သွားရင် ဘယ်လောက်ထိခက်ခဲတယ်။ ကြမ်းတမ်းတယ်။ ယုတ်မာတယ်ဆိုတာတွေကို ဦးနှောက်ထဲအမြဲရိုက်သွင်းထားတယ်။ အမှန်က ငါတို့ ဦးနှောက်ကြီးကို မှိုင်းတိုက်ထားတာမဖြစ်နိုင် မဟုတ်နိုင်တာတွေ အဟုတ်လုပ်ပြီး ကိုယ်တွေ့ကျမှ အမှန်တကယ် တပ်မတော်ဘက်က ဆက်ဆံတာတွေက အဲလိုမဟုတ်ဘူး ညီအကိုတွေလိုပဲ ခင်ခင်မင်မင် ချစ်ချစ်ခင်ခင်နဲ့ကြိုဆိုတယ်။ ကူညီပံ့ပိုးပေးခဲ့ကြတယ်။ ဒီအတွက်နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။

၂။       ကျွန်တော်က AA ထဲကို ဝင်ချင်လို့ဝင်တာ မဟုတ်ပါဘူး။ ကျွန်တော်က ရန်ကုန်ကို သွား တဲ့အခါ ရခိုင်ရိုးမထဲမှာ PRA(မကွေး) အဖွဲ့က ဖမ်းပြီး AA အဖွဲ့ကို အပ်လိုက်တယ်။ ကျွန်တော့် ဆန္ဒကို မမေးဘဲ ကျွန်တော့်ကို အတင်းအဓမ္မ သင်တန်းပေးလိုက်တာ ဖြစ်တယ်။ ပြီးရင် သင် တန်းကာလမှာ ညီမငယ်တစ်ယောက် သေဆုံးသွားခဲ့ပြီး ယောကျာ်းလေး ၃ ယောက်ထွက်ပြေးလို့ AA တွေက ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ သတ်တယ်။ နှိပ်စက်တာ တွေ ရိုက်နှက်တာတွေ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ အစားအသောက်တွေကလည်း မကောင်းပါ။ ဆီမပါ ဆားမပါ စားသောက်ခဲ့ရတယ်။ ကောင်းကောင်း အနှိမ်ခံရပါတယ်။ နောက်ပြီး ကျွန်တော်က အဖမ်းခံရပြီး သင်တန်းတက်ခိုင်းတာ ဖြစ်တဲ့အတွက် အနှိမ်ခံရတယ်။ ဆဲဆိုပြီး ငါတို့မြောက်ပိုင်း ရခိုင်တွေက မျိုးချစ်စိတ်ရှိတယ်။ မင်းတို့ တောင်ပိုင်းရခိုင်တွေက ရခိုင်သား (မျိုးချစ်စိတ်ဓာတ်) မရှိ ဆိုပြီး ကောင်းကောင်း ဆဲဆိုတယ်။ ကျွန်တော်ပြောချင်တာ က တောင်ပိုင်းရခိုင်တွေက ရိုးရိုးသားသားနေထိုင်ပြီး နိုင်ငံတော်ကို ပုန်ကန်လိုစိတ်မရှိကြဘူး။ ကျွန်တော်တို့ တောင်ပိုင်းဘက်က လူတွေက စကားပြောရင် ဗမာစကား (ဗမာအသံ) နည်းနည်းပါတယ်။ အဲ့လို  ဗမာစကား (ဗမာအသံ) ပါရင် ကြမ်းကြမ်းတမ်းတမ်း အဆဲခံရ နှိပ် စက်ခံရတယ်။ စကားပြောရင်လည်း ရခိုင်မြောက်ပိုင်းစကားပဲ ပြောခိုင်းပါတယ်။ ကျွန်တော် သင်တန်းဆင်းတဲ့ အချိန်မှာ ထောက်ပို့တာဝန် ထမ်းဆောင်စဉ် အရမ်းပင်ပန်းလို့ မခံနိုင်ဘူး။ နေ့တိုင်းညတိုင်း Drone တွေက လာချပြီးတော့ ရဲဘော်တွေက အစားဆင်းရဲ အနေဆင်းရဲတာတွေနဲ့ ကြုံတွေ့လာလို့ပါ။ ကျွန်တော့်ကို နောက်တစ်နေရာ ပို့လိုက်ပါတယ်။ နောက်တစ်နေရာက AA တပ်စုမှူးက တော်တော်ဆိုးပါတယ်။ နေ့တိုင်းရိုက်တယ်။ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုတယ်။ မတူသလို မတန်သလို ဆက်ဆံပါတယ်။ အရက်မူးလာရင် ဆဲဆိုတယ်။ ထွက်ပြေးထားတဲ့ ကောင်တွေ ရခိုင်သားစိတ်ဓာတ်မရှိဘူး ဆိုပြီး ဆဲဆိုတယ်။ ရိုက်တယ်။ ခေါင်းဆောင်တစ်ယောက်မပီသဘူး။ AA က ပြောတယ်။ အစိုးရဆိုတာ ကောင်း ကောင်း ရက်စက်တယ်လို့ ပြောတယ်။ ကျွန်တော်ကြုံတွေ့တဲ့ အခါကျတော့ ထင်ထားတာနဲ့ တစ်ခြားဆီပဲ အစိုးရက ကျွန်တော့်အပေါ် ကောင်းကောင်းဆက်ဆံတယ်။ နွေးထွေးမှု ကောင်း ကောင်းပေးတယ်။ အခုလက်ရှိ အလင်းဝင်တာ မှန်တယ်လို့ဆိုရမှာပဲ။ ကျွန်တော် ထင်ထားတာက ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာ့တပ်မတော် မဟုတ်ဘူး။ မုန်းလည်း မမုန်းဘူး။ ခွဲခြားဆက်ဆံတာလည်း မရှိဘူး။ တကယ်လို့ မဖြစ်မနေ မလွှဲသာ မရှောင်သာ အဖမ်းခံရလို့ AA ထဲဝင်ရတဲ့ ရဲဘော်တွေကိုလည်း ဒီဘက်ကို လာခဲ့ကြပါ။ အစိုးရကလည်း မင်းတို့ကို နွေးထွေးမှုတွေ အများကြီး ပေးနေပါတယ်။ မင်းတို့ထင်ထားသလို မဟုတ်ပါဘူး။