အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက သောင်းသောင်းဖြဖြကြိုဆ

Wednesday, June 3, 2026 - 16:45

အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုနှုတ်ဆက်

နေပြည်တော်၊ ဇွန် - ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင် သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒ ရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး ယနေ့ညနေ ပိုင်းတွင် မွမ်ဘိုင်းမြို့၊ Chhatrapati Shivaji Magaraj အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ မဟာရာ့ရှ်ထရာပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး H.E. Sawant နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အိန္ဒိယသမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဦး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသော ဉီးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။

နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အိန္ဒိယ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံနိုင်ခဲ့ကာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရှိစေ နိုင်မည့် ဆွေးနွေးချက်များကို ဆွေးနွေးနိုင်ခဲ့သည်။ ထို့အပြင် သမိုင်းဝင်အထင်ကရ နေရာ များနှင့် စက်မှု၊ ဆိပ်ကမ်းနှင့် စွမ်းအင်ဆိုင်ရာ စီမံကိန်း နေရာများကို သွားရောက်လေ့လာ ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့်လူမှုရေး၊ ခရီးသွားဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စ ရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး နိုင်ခဲ့ သည်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ် ဦးတည်ပြီး ခရီးစဉ်အတွင်း အိန္ဒိယ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးနှင့် မွေးမြူရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ပညာသင်ကြားမှု မြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ခရီးသွားကဏ္ဍများ တိုးမြှင့် ရေးဆိုင်ရာကိစ္စများတွင် ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ကြ သည့် အတွက်အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းပွားအကအဖွဲ့များ၊ အိန္ဒိယရိုးရာ အက အလှအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအက အလှအဖွဲ့များ၊ အနုပညာရှင်များ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများက လေဆိပ်တွင် အသင့်စောင့်ကြို၍ လေဆိပ် လေယာဉ်အဆင်းမှ VIP ဆောင် ထိလည်းကောင်း၊  တပ်မတော်လေဆိပ်အဝင် လမ်းတစ် လျှောက်တွင် လည်းကောင်း “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည် ပါစေ။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်အား လှိုက်လှဲ စွာ ကြိုဆို ပါသည်။ အိန္ဒိယ-မြန်မာချစ်ကြည်စွာတွဲလက်မြဲပါစေ။ အိန္ဒိယ-မြန်မာ ပူးပေါင်း အား မုချအောင်မြင်ပါစေ။ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်အား လှိုက်လှဲစွာ ကြိုဆိုပါ၏။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးကို ခိုင်မြဲစေသော နိုင်ငံတော်သမ္မတကြီးနှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာ ကြိုဆိုပါ၏” ဟူသောစာတန်းများပါရှိသည့် ဗွီနိုင်းများ ကိုင်ဆောင်၍ လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံ၊ အိန္ဒိယ သမ္မတနိုင်ငံအလံတို့ကို အသီးသီး ကိုင်ဆောင် ဝှေ့ယမ်းကာ “အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ။ အမျိုးဘာသာ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ကျန်းမာပါစေ၊ ကျန်းမာပါစေ။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲပါစေ၊ ခိုင်မြဲပါစေ။ အိန္ဒိယ-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ ” ဟု ကြွေးကြော်လျက်လည်းကောင်း၊ လေဆိပ်မှ နေပြည်တော်သို့ ဝင်ရောက်ရာ လမ်းတစ်လျှောက် အဓိကနေရာများရှိ  LED Board များ၌လည်း နိုင်ငံတော်သမ္မတ၏ အိန္ဒိယခရီးစဉ် လှုပ်ရှားမှုပုံရိပ်များဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ဂုဏ်ယူ ဝမ်းမြောက်စွာ ကြိုဆိုပါသည်ဟူ၍ ရေးသားဖော်ပြ၍လည်းကောင်း သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြု နှုတ်ဆက်ခဲ့ ကြသည်။

နိုင်ငံတော်သမ္မတသည် နေပြည်တော်သို့ပြန်လည်ရောက်ရှိစဉ် မီဒီယာများ၏ မေးမြန်းမှုများ အားယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့ပါသည်၊ ---------