ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ တပ်မတော်ဆေးရုံတွင်တက်ရောက် ကုသနေသူမျာအားကြည့်ရှုအားပေး နေပြည်တော်၊ မေ - ၂၉

Friday, May 29, 2026 - 18:30

          ဒုတိယတပ်တော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်မတော်ဆေးရုံတို့အား  လိုက်လံကြည့်ရှု စစ်ဆေးသည်။

          ဦးစွာ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) အရာခံ/အကြပ်ကြီး သင်ကျောင်းရှိ သင်တန်းသားစားရိပ်သို့ ရောက်ရှိပြီး ရိက္ခာ၊ အသား/ငါးနှင့် ဟင်းသီး ဟင်းရွက်များအား စတိုခန်းများအတွင်းထားရှိမှု အခြေအနေများ၊ ချက်ပြုတ်နေမှုနှင့် ကျွေးမွေးရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စားရိပ် သာများအတွင်း ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် ခြင်ယင်များမရှိစေရန် ဆေးဖြန်းခြင်းများဆောင်ရွက်ရန်၊ စတိုအတွင်း ရိက္ခာများအား သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျထားရှိရန်၊ ရိပ်သာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်၊ ချက်ပြုတ်ကျွေးမွေးရာတွင် သတ်မှတ်နှုန်းထားများအတိုင်း အာဟာရပြည့်မီစွာဖြင့် ကျွေးမွေးနိုင်ရေး စေတနာထားဆောင်ရွက်ရန်တို့မှာကြားပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

          ထို့နောက် သင်တန်းကျောင်းဝန်းအတွင်း လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဆောင် ရွက်နေမှုများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့် တပ်မတော်(ကြည်း) ဗိုလ်သင် တန်းကျောင်း (ဗထူး) ပြခန်းတွင်း ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

          နေ့လယ်ပိုင်းတွင် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) မြဝတီစားရိပ်သာတွင် ခြေလျင်တပ်ရင်းမှူးသင်တန်းမှ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ် ဆက်သည်။

ဆက်လက်၍ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တပ်ရင်းရုံး၌ တပ်ရင်းမှုးက ရည်မှန်းချက် တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များအား ဆောင်ရွက်ရာတွင် အမှန်တကယ်အောင်မြင် ဖြစ်ထွန်းအောင် လုပ်ဆောင် ကြရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင် ဆောင်ရွက်ရန် နှင့် အခြားလိုအပ်သည်များ မှာကြားသည်။

            ယင်းနောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် မျိုးစေ့များ ခင်းကျင်းပြသထားမှုကိုကြည့်ရှုကြပြီး တိရစ္ဆာန် မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ Green House အတွင်း ရာသီသီးနှံများ စိုက်ပျိုး ထားရှိမှု၊ မျိုးစေ့ထုတ်ပိုးခန်းအတွင်း ရုံးပတီ၊ ရွှေဖရုံ၊ ချဉ်ပေါင်၊ တိုင်ထောင်ပဲ၊ ဗူး၊ မုန့်ညှင်း၊ မုန်လာဥ နှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့များ ထုတ်ပိုးနေမှုနှင့် သိုလှောင်ခန်းအတွင်း မျိုးစေ့များ သိုလှောင်ထားရှိမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် ဇနီး ဒေါ်နန်းကူးကူ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဗထူးတပ်မြို့ရှိ တပ်မတော် ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

          ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့၊ နယ်မြေခံဆေးရုံတွင် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ၏ တစ်ဦးချင်းရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက် ကောင်းမွန်လာမှု အခြေ အနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

          ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် နိုင်တော်အကြီးအကဲမှ ဖြည့်ဆည်းပေးထားသည့် Portable Digital Dental သွားဓာတ်မှန်စက်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကွန်ပျူတာဖြင့် ခန္ဓာကိုယ် အတွင်းပိုင်း ကို အလွှာလိုက် ဓာတ်မှန်ရိုက်စစ်ဆေးနိုင်သည့် CT Scan စက်အသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 

          အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်နန်းကူးကူနှင့်အဖွဲ့ဝင်များသည် အမျိုးသမီးနှင့် ကလေးကုသ ဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအားလိုက်လံ ကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကြသည်။

ထို့နောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များအား မော်တော်ယာဉ် များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ/စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံ၍  ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။