တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် (ပထမ)အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ် နေပြည်တော်၊ ၂၀၂၆ မေ ၂၉     

Friday, May 29, 2026 - 18:30

 ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တပ်မတော်သား မိသားစုဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများ အတွက် (ပထမ)အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ တို့၌ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများက အမှာစကားများ ပြောကြားကြ သည်။ ထို့နောက် တိုင်းမှူးများနှင့်တာဝန်ရှိသူများက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များအတွက် ပညာသင်စရိတ်နှင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများ က အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များတွင်လည်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား (ပထမ)အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ၊ ပညာသင်စရိတ် များထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။